မြဝတီ ဩဂုတ် ၁၃
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားပြီးဖြစ်ရာ ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများကို ပြည်သူများအလွယ်တကူ လေ့လာနိုင်ရန် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ မြေစိုက်နံရံကပ်ပြဘုတ်တို့တွင် နံရံကပ်စာစောင် ပြုလုပ်၍ ခင်းကျင်းပြသထားသည်။
အဆိုပါ နံရံကပ်စာစောင်တွင် မဲဆန္ဒရှင်စာရင်းကပ်ထားသည့်နေရာများ၊ သွားရောက်စစ်ဆေးပါ၊ မဲဆန္ဒရှင်စာရင်းနှင့်စပ်လျဉ်း၍ မေးခွန်းနှင့်အဖြေများ၊ မဲဆန္ဒရှင်ပြည်သူများသို့ မေတ္တာရပ်ခံချက် စသည်တို့အပြင် သိသင့်သိထိုက်သည်များကို ဖော်ပြထားပြီး သြဂုတ် ၁၄ ရက်ထိ မဲဆန္ဒရှင်စာရင်း ရက်တိုးပြသထားသည့်ကြေညာချက်နှင့် မဲစာရင်းလာရောက်ကြည့်ရှုနိုင်ရန် ဖိတ်ခေါ်သည့် ထုတ်ပြန်ချက်များ ပြသထားကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)