တီးတိန်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

တီးတိန် ဩဂုတ် ၁၈

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးများ နိုင်ငံတော်မှ ထိုးနှံပေးလျက်ရှိရာ ချင်းပြည်နယ် တီးတိန်မြို့၌ အသက်၆၅နှစ်အထက် ဘိုးဘွားများ ဦးစား‌ပေး ကာကွယ်ဆေးထိုးနှံခြင်းကို ဆက်လက်‌ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေး Sinopharm (၁၃၂)ဦး ထိုးနှံပေးခဲ့ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

ဒိုင်းဒိမ့် (ပြန်/ဆက်)