ဟင်္သာတခရိုင် ပြည့်သူ့ဆေးရုံကြီး   သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ဟင်္သာတ ၊ ဩဂုတ်  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဩဂုတ် ၁၇ ရက်နေ့ နံနက် ၇ နာရီ က စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ခရိုင်ပြည်သူ့ဆေးရုံကြီး သန့်ရှင်းသာယာလှပရေးနှင့် ကိုဗစ် -၁၉ ရောဂါ ဖြစ်ပွားမူကြောင့် တက်ရောက် ကုသနေသောလူနာများ ၊ အထွေထွေရောဂါများကြောင့် ဆေးရုံ တက်ရောက် ကုသနေသော လူနာများအတွက် ကျန်းမာရေးအထောက်အကူ ရစေရန် ရည်ရွယ်၍ ဆေးရုံကြီး ဝင်းအတွင်းနှင့် လူနာဆောင် ပတ်ဝန်းကျင်ရှိ ပေါင်းမြက်များ ၊ အမိူက်များ ၊ ရေနုတ်များကို စုပေါင်းသန့်ရှင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့  မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးဆန်းလွင်နှင့် အဖွဲ့ဝင် ဗိုလ်မှူးကျော်စွာထွန်း ဦးဆောင်၍  ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊စည်ပင်သာယာရေးဝန်ထမ်းများ၊ ကျန်းမာရေး ဌာနနှင့် မြို့ပေါ်ရပ်ကွက်နှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များက စုပေါင်းသန့်ရှင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ကိုဇော် (ပြန်/ဆက်)