ပုသိမ်မြို့ ကုတင်ငါးရာဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးအတွင်းရှိ အောက်စီဂျင်စက်ရုံ လည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေး

ပုသိမ် သြဂုတ်လ      ၁၇

ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့သည် ၁၆-၈-၂၀၂၁ ရက်နေ့တွင် ပုသိမ်ပြည်သူ့ဆေးရုံကြီးအတွင်း ထားရှိသော အောက်ဆီဂျင်စက်များ လည်ပတ်နေမှု၊ အသစ်ရောက်ရှိလာသော အောက်ဆီဂျင်စက် တပ်ဆင်နေမှုနှင့် ကမ်းနားလမ်းရှိ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုအခြေ အနေများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ပုသိမ်မြို့ပေါ်တွင် အောက်ဆီဂျင်စက် ၅ လုံး ရောက်ရှိနေပြီး ကျန် ၁ လုံးမှာ Irrawaddy Aid Association အစီအစဉ်ဖြင့် ယခုလ ၂၇ ရက်နေ့တွင် ရောက်ရှိလာမည်ဖြစ်ပါသည်။ ရောက်ရှိနေသောစက် ၅ လုံးမှာ ပုသိမ် ပြည်သူ့ဆေးရုံကြီးတွင် ၄ လုံးနှင့် ပုသိမ်မြို့တစ်ဖက်ကမ်း ရွာသစ်ကုန်းတွင် ၁ လုံးဖြစ်ပါသည်။ စက် ၅ လုံး အနက် တစ်လုံးတပ်ဆင်ဆဲဖြစ်ပြီး ကျန် ၄ လုံးမှာ နေ့စဉ်ထုတ်လုပ်ပေးနိုင်နေပြီ ဖြစ်ပါသည်။

We Love Pathein လူထုအခြေပြုကူညီကယ်ဆယ်ရေးအသင်းအနေဖြင့် Oxygen စက်ကြီးကို ပုဂ္ဂလိက အလှူရှင်များထံမှငွေကြေးများအလှူခံ၍ဝယ်ယူကာအများပြည်သူ သို့ 8.8.2021.မှ စတင်၍ ဖြန့်ဝေပေးနေပြီဖြစ်သည်။

အဆိုပါစက်မှာ နေ့စဉ် အောက်ဆီဂျင် ၄၀ လီတာအိုး ၁၃၀ ခန့် ထုတ်လုပ်နိုင်ပြီး အဓိက အောက်ဆီဂျင် လိုအပ်သူများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ကိုဗစ်လူနာ ကုသရေးစင်တာများ၊ ဆေးရုံနှင့် နေအိမ်များမှ ကိုဗစ်လူနာများကို ဦးစားပေး ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြင့်ဟန်