လှိုင်းဘွဲ့ ဩဂုတ် ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်မျိုးမြင့်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဦးဆန်းဦးနှင့်တပ်ဖွဲ့ဝင်များ၊ လဝက ဦးစီးမှူး ဦးဝင်းနိုင်ဦး၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်နိုင်ဦးနှင့်ဝန်ထမ်းများ၊ တာဝန်ရှိသူများက စည်ပင်သာယာမြို့မဈေးနှင့် ယာယီပျံကျဈေးတွင် ကိုဗစ်-၁၉ ရောဂါလမ်းညွန်ချက်နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ရေး၊ အတတ်နိုင်ဆုံး (၃)ပေအကွာမှ ဈေးဝယ်စေခြင်းတို့ကို စစ်ဆေးခြင်းနှင့် လူသွားလူလာများသော ပိုင်ကျုံ လမ်းခွတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ တပ်ဆင်ရေး Mask Campaign ဆောင်ရွက်ခြင်း၊ မတင်ဆင်သူများအား နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်းနှင့် နောက်ရက်များတွင် နှာခေါင်းစည်း မတပ်ဆင်သူများအား ဒဏ်ငွေ(၅၀၀၀)ပေး ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။