ဧရာဝတီတိုင်းဒေသကြီး၀န်ကြီးချုပ်၊ ကန်ကြီးထောင့်မြို့နယ်တွင် မိုးစပါးဆင်းသုခမျိုးစေ့ထုတ် စိုက်ခင်း ကြည်ရှု့၊ တောင်သူများနှင့်တွေ့ဆုံ

ကန်ကြီးထောင့်   ဩဂုတ် ၁၇

ဧရာ၀တီတိုင်းဒေကြီး၀န်ကြီးချုပ် ဦးတင်မောင်၀င်းသည် တာ၀န်ရှိသူများနှင့်အတူ ဩဂုတ်လ ၁၅ ရက်နေ့ ညနေ  ၄  နာရီခွဲအချိန်က ကန်ကြီးထောင့်မြို့နယ်  ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားကျေးရွာ တောင်သူ ဒေါ်သီတာ၏   မိုးစပါး၃၆ဧကတွင် အောင်မြင်ဖြစ်ထွန်းနေသော  မိုးစပါးဆင်းသုခ  မျိုးစေ့ထုတ်စိုက်ခင်းကိုလာရောက်ကြည့်ရှုသည်။

စိုက်ခင်းနှင့်ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့် မြေအခြေအနေ၊ မျိုးစပါး၊ စိုက်ပျိုး‌နေမှုများပတ်သက်၍ ရှင်းလင်းတင်ပြသည်။

၀န်ကြီးချုပ်က တောင်သူများနှင့်တွေ့ဆုံပြီး လိုအပ်ချက်များကို မေးမြန်းခဲ့ကြောင်းသိရသည်။

ဇင်မာ၊မောင်မောင်မြင့်(ကန်ကြီးထောင့် ပြန်/ဆက်)