ဒိုက်ဦးမြို့နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့မှ ဆေးဆိုင်များအား စစ်ဆေး

ဒိုက်ဦး  ဩဂုတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့မှ ဒိုက်ဦးမြို့တွင်း ရောင်းချလျှက်ရှိသောဆေးဆိုင်များအား ဩဂုတ်လ ၁၆ ရက်နေ့နံနက် ၉ နာရီအချိန်က ကိုဗစ် ၁၉ ရောဂါကူးစက်မှုမြင့်မားနေသည့်ကာလတွင် ဈေးကွက်အတွင်း ကူးစက်ရောဂါကာကွယ်ကုသရေး ဆေးဝါး၊ ဆေးပစ္စည်းများနှင့် အထောက် အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေး တို့အတွက် စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ဒိုက်ဦး၊ မြို့ပေါ်အတွင်းရှိဆေးဆိုင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဝင်းမြင့် ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ကုန်သည်လုပ်ငန်းရှင်တို့နှင့်ပူးပေါင်း၍ စစ်ဆေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး သတ်မှတ်စည်းကမ်းများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ ရောင်းချခြင်း ရှိ၊မရှိ စစ်ဆေးပြီး လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)