စစ်ကိုင်းခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ထိရောက် အောင်မြင်စွာဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

စစ်ကိုင်း ဩဂုတ်  ၁၆

စစ်ကိုင်းခရိုင်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ခရိုင်အဆင့် စစ်ဆေးရေးအဖွဲ့များနှင့် စစ်ကိုင်းမြို့အဝင် ရတနာပုံတံတား ကျန်းမာရေးဆိုင်ရာ စစ်ဆေးရေးဂိတ် တာဝန်ကျသော အရာထမ်း/ အမှုထမ်း များ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉)နာရီက စစ်ကိုင်းမြို့တော်ခန်းမအတွင်း ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဆန်းထွန်းစိန်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း ညွှန်ကြားချက်များနှင့် ပတ်သက်၍လည်းကောင်း၊ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်သန်းမှ လုံခြုံရေးဆိုင်ရာ စစ်ဆေးရမည့်အချက်များ၊ လုံခြုံရေးတာဝန်ချထားမှု များနှင့် ပတ်သက်၍လည်းကောင်း၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာသော်တာထက်မှ ကျန်းမာရေးဆိုင်ရာ စစ်ဆေးရမည့် အချက်များ၊ ကျန်းမာရေးဝန်ထမ်း တာဝန်ချထားမှုများနှင့် ပတ်သက်၍လည်းကောင်း၊ ခုတင်(၂၀၀) ဆံ့ပြည်သူ့ဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာချောနန္ဒီမှ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများနှင့် သံသယလူနာများအား ကျန်းမာရေး စောင့်ရှောက်မှုများနှင့်ပတ်သက်၍ လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင် အောင်ထွေးမှ ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် ပတ်သက်၍ ဆောင်ရွက်ချက်ကိစ္စရပ်များ သတင်းပါရှိရေး ဆောင်ရွက်မှုအား လည်းကောင်း၊ ခရိုင်ကြက်ခြေနီ တပ်ဖွဲ့၊ တပ်ဖွဲ့စုမှူး ဦးမြင့်သိန်းထွန်းမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် Volunteer များ၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ပူးပေါင်းပါဝင် ဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း အသီးသီးဆွေးနွေးပေးခဲ့ကြပြီး တက်ရောက် လာကြသည့် ဌာနဆိုင်ရာ ဆိုင်ရာများက အကြံပြု ဝိုင်းဝန်း ဆွေးနွေးပေးခဲ့ကြသည်။

အလုပ်ရုံဆွေးနွေးပွဲကို ဩဂုတ်(၁၆)ရက်၊ နံနက်(၉)နာရီမှ (၁၂)နာရီအထိဆွေးနွေးသွားမှာ ဖြစ်ပြီး ခရိုင်/ မြို့နယ်ဌာနဆိုင်ရာ  အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ဇော်မြင့်နိုင်