ဝန်းသို သြဂုတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ဝန်းသိုမြို့နယ် ဦးအောင်မြတ်ခန်းမတွင် ယနေ့နံနက် ၉နာရီအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်)ထိုးနှံထားသည့် ဌာနဆိုင်ရာ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစု စုစုပေါင်း( ၁၀၀)ဦးတို့ကို (ဒုတိယအကြိမ်မြောက်) ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျရှိစေရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာန ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဦးတင်ဝင်းမြင့်နှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကျော်မြိုင်