မအူပင် သြဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ မအူပင်မြို့၌ ကိုဗစ် - ၁၉ရောဂါ ကူးစက်မှုမြင့်မားနေသည့် ကာလ တွင် စျေးကွက်အတွင်း ကူးစက်ရောဂါ ကာကွယ်၊ ကုသရေး ဆေးဝါး၊ ဆေးပစ္စည်းနှင့် အထောက်အကူပြု ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊သတ်မှတ်အရည်အသွေးနှင့် စျေးနှုန်းမှန်ကန်စေရေးတို့အတွက် ရည်ရွယ်၍ မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ မြေပြင်ကွင်းဆင်းကြပ်မတ်ကြည့်ရှုစျေးကွက် စောင့်ကြည့် ရေးအဖွဲ့မှ ယမန်နေ့ နံနက်၁၁နာရီခွဲအချိန်က မအူပင်မြို့အတွင်းရှိ ဆေးဆိုင်၊ စျေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ မြေပြင်ကွင်းဆင်းကြပ်မတ်ကြည့်ရှု
စျေးကွက်စောင့်ကြည့်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းနှင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ပြည့်သူကျန်းမာရေးဦးစီးဌာနစည်ပင်သာယာရေးအဖွဲ့တို့မှ အဖွဲ့ဝင်များက မအူပင်မြို့ပေါ်ရှိ ဆေးဆိုင်၊ စျေးဆိုင်တို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ အဆိုပါ ဆိုင်များရှိ တာဝန်ရှိသူများ အား ကူးစက်ရောဂါ ကာကွယ်ကုသရေးအထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် စျေးနှုန်း မှန်ကန်စွာ ရောင်းချရေး၊ဆေးဂိုဒေါင်ရုံ၊သိုလှောင်ရုံများထားရှိမှုမရှိရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်(မအူပင်)