တီးတိန် ဩဂုတ် ၁၄
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးများ နိုင်ငံတော်မှထိုးနှံပေးလျက်ရှိရာ ချင်းပြည်နယ် တီးတိန်မြို့၌ အသက်၆၅နှစ် အထက်ဘိုးဘွားများ ဦးစားပေးကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက်၉နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာ ရေးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကွယ်ဆေး Sinopharm ဆက်လက်ထိုးနှံပေးသည်။ ကာကွယ် ဆေးထိုးရာတွင် သာသနာ့ဝန်ထမ်းများ၊ အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များလည်း ထိုးနှံပေးကြောင်းသိရသည်။
တီးတိန်မြို့နယ်တွင် ကာကွယ်ဆေးထိုးနှံရာ၌ မိဘပြည်သူများပိုမိုအဆင်ပြေစေရန် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၏ သတ်မှတ်ထားသော စုရပ်(၉)နေရာ၌လည်း ဆက်လက်ထိုးနှံပေးသည်။
တီးတိန်မြို့နယ်၌ အသက်၆၅နှစ်အထက် ဦးစားပေးကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးပထမအကြိမ် ထိုးနှံရာ တွင် ဩဂုတ်၁၁ရက်နေ့တွင် (၃၂၂)ဦး၊ ၁၂ ရက်နေ့တွင် (၆၁၀)ဦး၊ ၁၃ ရက်နေ့တွင်(၂၈၉)ဦး၊ စုစုပေါင်း (၁၂၂၁) ဦး ထိုးနှံပေးခဲ့ကြောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ဒိုင်းဒိမ့်