ပန်းတောင်း ဩဂုတ် ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဒေါင်းမြတ်နားအုပ်စု ကျေးလက် ဆေးပေးခန်း၌ ယမန်နေ့နံနက်ပိုင်းက အသက်ခြောက်လမှ ငါးနှစ်အောက်ကလေးများအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အသက်ခြောက်လမှ တစ်နှစ်အောက်ကလေးများအား ဗီတာမင်အေ (အပြာရောင်)၊ တစ်နှစ်မှ ငါးနှစ်အောက် ကလေးများအား ဗီတာမင်အေ(အနီရောင်)၊ နှစ်နှစ်မှ ငါးနှစ်အောက် ကလေးများအား သံချဆေး တိုက်ကျွေး ခြင်း တို့ကို သားဖွားဆရာမ ဒေါ်ဖြူပြာမင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြပြီး၊ ကလေး များအား ကိုယ် အလေးချိန် ပေးခြင်း၊ မိုးရာသီကာလအတွင်းဝမ်းပျက်၊ဝမ်းလျှော ရောဂါနှင့် သွေးလွန်တုတ်ကွေး ရောဂါများ မဖြစ်ပွား စေရေး မိဘအုပ်ထိန်းသူများက ကလေး များအား ဂရုစိုက်ကြရန် အသိပညာပေး ပြောကြားခဲ့ကြောင်းသိရသည်။
သင်းသင်းအေး(ပြန်/ဆက်)