သဲကုန်း ဩဂုတ် ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်ဆေးဝါးကြီးကြပ်မှု ကော်မတီနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက သဲကုန်းမြို့ မြို့မစည်ပင် သာယာဈေးအတွင်း အပြင်ရှိ ဆေးဝါးရောင်းချနေသော ဆိုင်များအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရှိရသည်။
အဆိုပါအဖွဲ့များသည် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် တိုင်းရင်းဆေးဝါးများအတွက် ခွင့်ပြုထားသည့် လိုင်စင်ရှိ/မရှိနှင့် သက်တမ်း ကုန်ဆုံးခြင်းရှိ/မရှိ၊ တားမြစ်ပိတ်ပင်ထားသောဆေးဝါများရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး နောင်တွင် မှတ်ပုံတင် လိုင်စင် ရှိသော ဆေးဝါးများကိုသာ ရောင်းချကြရန်နှင့် တားမြစ်ပိတ်ပင်ထားသော ဆေးဝါးများကို မရောင်းချကြရန် ပညာပေးပြောဆိုခဲ့ကာ သိရှိ ကြောင်း လက်မှတ်များ ရေးထိုးခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(ပြန်/ဆက်)