ငရုတ်ကောင်း သြဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၌ ကိုဗစ်-၁၉ ကာလ စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက်(CERP)အရ ဝက်မွေးမြူထုတ်လုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး ဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ငရုတ်ကောင်းမြို့အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်လင်းက အဖွင့်အမှာစကား ပြောကြားပြီး ပုသိမ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာအိုက်ကျော်ကျော် က သင်တန်းဖွင့်လှစ်ရခြင်း နှင့်ပတ်သက်၍ ကိုဗစ်-၁၉ ကာလ စီးပွားရေးထိခိုက်မှု သက်သာစေရေး၊ မွေးမြူသူများ စနစ်တကျမွေးမြူပြီး ဝင်ငွေတိုးတက်ရရှိစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိစေရန်၊ တိရစ္ဆာန်များတွင် ဖြစ်ပွားနိုင်သည့် ကူးစက်ရောဂါများကို ကြိုတင် ကာကွယ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ငရုတ်ကောင်းမြို့နှင့် ကျေးရွာအုပ်စုများမှ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၂၀ ဦး တက်ရောက်ပြီး သင်တန်းကို ၃ ရက်ကြာ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
ပြုံးမောင်မောင်(ပြန်/ဆက်)