ဘုတလင် ဩဂုတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း ဝင် ကျေးရွာများ ဖြစ်သည့် ကံသစ်(နောက်)ကျေးရွာနှင့် ခိုးချောင်းကျေးရွာတို့ အတွက် ရန်ပုံငွေများကို ယမန်နေ့ ညနေပိုင်း က ကွင်းဆင်းထုတ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ထုတ်ပေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေမွန်မွန်က ကိုဗစ်ကာလ စီးပွားရေး ကုစားမှုအစီအစဉ်(CERP)အရ ကျေးလက်နေ မိသားစုများ ဝင်ငွေ လျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲ များကို ကုစားပေးနိုင်ရန်အတွက် ကျေးရွာမတည်ရန်ပုံငွေ များ ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဝင် ကံသစ်(နောက်)ကျေးရွာမှ အသင်းသား၊ အသင်းသူ(၇၈) ဦးအား စီမံကိန်း ချေးငွေ (၂၉၅)သိန်းနှင့် ခိုးချောင်းကျေးရွာမှ အသင်းသား၊ အသင်းသူ(၅၇)ဦးအား စီမံကိန်း ချေးငွေ(၂၉၄)သိန်းကို မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေမွန်မွန်နှင့် ဝန်ထမ်းများက အသင်းသား၊ အသင်းသူများ လက်ဝယ် အရောက် ထုတ်ပေးခဲ့ကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)