ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေး

ထားဝယ် သြဂုတ် ၁၃

တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲ ပေးခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကြေညာထားရှိမှု အခြေအနေများကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့နယ် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထားဝယ်မြို့နယ် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးလွင်နှင့်အဖွဲ့ဝင်များက ကျောက်မော်ရပ်ကွက်၊ ရှင်မုတ္ထီးနှင့်ကနိုင်းဒါကျေးရွာများရှိ မဲဆန္ဒနယ်မြေများ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့်မဲဆန္ဒရှင်များ၏စာရင်းများကို ကပ်ထားကြေညာထားရှိမှုအခြေအနေ၊ ပြည်သူများလာရောက်ကြည့်ရှုမှုအခြေအနေ၊ ထပ်တိုးမှု ရှိ/မရှိ မဲစာရင်းတွင်သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ပေးနေသည့်အခြေအနေ၊ လိုက်လံနှိုးဆော်ပေးရန် လိုအပ်သည့်အခြေအနေများ၊ ပြန်လည်ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျော်ကျော်လတ်