တီးတိန်၌ အသက်၆၅နှစ်အထက် အဘိုးအဘွားများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

တီးတိန် ဩဂုတ် ၁၁

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးများ နိုင်ငံတော်မှ ထိုးနှံပေးလျှက် ရှိရာ ချင်းပြည်နယ တီးတိန်မြို့၌ အသက်၆၅နှစ်အထက် အဘိုးအဘွားများ၊ သာသနာ့ဝန်ထမ်းများနှင် နိုင်ငံ့ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက် ၉နာရီအချိန်တွင်် မြို့နယ်အထွေထွေ အစည်းအဝေးခန်းမ၌ ကျန်းမာရေးဌာန ဝန်ထမ်းများက ကာကွယ်‌ဆေး Vero Vell ထိုးနှံပေးခဲ့‌ကြောင်း သိရသည်။
    အလားတူ တီးတိန်မြို့နယ်နှင့် ခိုင်ကမ်းမြို့အတွင်းရှိ အသက်၆၅နှစ်အထက် အဘိုးအဘွား (၁၆၂၇) ဦးအား ယ‌နေ့ ကာကွယ်ဆေး စတင်ထိုးနှံပေးကြော‌င်း သိရသည်။
   ထိုသို့ ကာကွယ်ဆေး ထိုးရာတွင် သက်ကြီးအဘိုးအဘွားများ ပိုမိုအဆင်‌ပြေစေရန်  မြို့နယ်စီမံ အုပ်ချုပ်‌ရေး အဖွဲ့မှ စုရပ်များဖွဲ့စည်းပေးထားသော စုရပ်(၁) မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမ၊ စုရပ်(၂)ခိုင်ကမ်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စုရပ်(၃) တွီးထန်ကျေးရွာ အုပ်စု၊စုရပ်(၄)လိုင်တွီးကျေးရွာ အုပ်စု၊စုရပ်(၅)ထုတ်လိုင် ကျေးရွာ‌၊စုရပ်(၆)ဆွောင်းပီး ကျေးရွာအုပ်စု၊ စုရပ်(၇)ဆိုင်း ဇန်ကျေးရွာအုပ်စု၊ စုရပ်(၈) ကပ်တဲလ်ကျေးရွာအုပ်စု၊စုရပ် (၉)ဂမ်ငိုင်ကျေးရွာ အုပ်စု စသည့်စုရပ်များတွင် ဩဂုတ်လ ၁၁ရက် နေ့မှ ၁၃ရက်နေ့အထိ ကိုဗစ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

ဒိုင်းဒိမ့်