ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးစားပေးအစီအစဉ်အလိုက် အသက် (၆၅) နှစ်အထက် သက်ကြီးပြည်သူများ၊ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် စေတနာ့ဝန် ထမ်းများ ကာကွယ်ဆေး ဒုတိယ‌နေ့ ဆက်လက်ထိုးနှံပေး

ရိခေါ်ဒါရ်   သြဂုတ်   ၁၁

 

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးစားပေး အစီအစဉ်အလိုက် ဒုတိယနေ့ ထိုးနှံပေးခြင်းကို သြဂုတ် ၁၀ ရက်က ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမဆောင်၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ( Vero Cell)များကို ရိခေါ်ဒါရ်မြို့တိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာစန်းမာနှင့် သူနာပြုဆရာမများက ထိုးနှံပေးခြင်းဖြစ်ပြီး ဦးစားပေး အစီအစဉ်အလိုက် အသက် (၆၅)နှစ်အထက် သက်ကြီးပြည်သူများ၊ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းတို့အား ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေးထိုးနှံသူ အမျိုးသား (၅၂)ဦး၊ အမျိုးသမီး (၂၀)ဦး၊ စုစုပေါင်း (၇၂)ဦးတို့အား ဒုတိယနေ့၌ ထိုးနှံပေးခဲ့ကြောင်း၊ ကာကွယ်ဆေးထိုးနှံမှုဦးစားပေးအလိုက် အသက် (၆၅)နှစ်အထက် သက်ကြီးပြည်သူ (၁၂)ဦး၊ သာသနာ့ဝန်ထမ်း (၄)ပါး၊ နိုင်ငံ့ဝန်ထမ်း (၂၀)ဦး၊ ဝန်ထမ်းမိသားစု (၇)ဦးနှင့် စေတနာ့ဝန်ထမ်း (၂၉)ဦးရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများက  လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Vero Cell) လုံးရေ (၁၀၀)ရရှိပြီး ကာကွယ်ဆေးထိုးနှံသည့် ပထမနေ့နှင့် ဒုတိယနေ့ နှစ်ရက်အတွင်း ဆေးလုံးရေ (၆၆) ထိုးနှံသုံးစွဲခဲ့ပြီး ကျန်းရှိသည့် ဆေးလုံးရေ (၃၄)အား ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

လာလ်ပက်လောမ်