နန်းယွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုနှုန်း မြင့်တက်နေမှုကြောင့် LOCK DOWN ကာလအဖြစ် ထပ်မံတိုးမြှင့်

 

 

                     နန်းယွန်း သြဂုတ် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်အတွင်း ယခုအချိန်ကာလတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း မြှင့်တက်နေသောကြောင့် မြို့နယ်အတွင်းရှိမိဘပြည်သူများ ကိုဗစ်ရောဂါကူးစက်မှု လျော့ချစေရေးအတွက်ရည်ရွယ်၍ မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါကာကွယ်၊ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှကြပ်မတ်၍ LOCK DOWN အချိန်ကာလ ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ကြောင်းသိရသည်။

ထိုသို့ ရက်တိုးမြှင့်အသိပေးကြေညရာတွင် (၉-၈-၂၀၂၁)ရက်နေမှ(၁၅-၈-၂၀၂၁) ရက်နေ့အထိ နေစဉ်နံနက် (၄) နာရီမှ နေ့လယ်(၁၂) နာရီအချိန်ထိ ခွင့်ပြုခြင်းခံရသူသာနေအိမ်အပြင်ထွက်ကြရန်နှင့် အကြောင်းရှိမှသာအပြင်သို့ထွက်ရန်၊  နေအိမ်အပြင်ထွက်မည်ဆိုပါက Mask ကိုစနစ်တကျတပ်ဆင်ရန်၊  ဆိုင်ကယ်ကိုယဉ်မောင်းတစ်ဦးသာစီးရန်၊  ယာယီစျေးဝယ်သွားသည့်အခါတွင်လည်းတစ်အိမ်လျင်တစ်ဦးသာထွက်ရန်နှင့် အပြင်ထွက်ခွာခွင့် ကပ်ပြားအားယူဆောင်ရန်၊ တောင်ယာသွားရောက်လုပ် ကိုင်သူများအနေဖြင့်သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၏သီးခြားထောက်ခံချက်နှင့် ကြီးကြပ်အဖွဲ့၏ စစ်ဆေးမှုကို ခံယူသွားရောက်ကြရန်၊ စျေးရောင်းသူများအနေဖြင့်Mask လက်အိတ်များတပ်ဆင်ထားရန်၊နေအိမ်များတွင်ဖွင့်လှစ်ရောင်းချသည့်စျေးဆိုင်များ နေ့စဉ်နံနက် ၄ နာရီအချိန်မှနေ့လယ် ၁၂ နာရီထိသာရောင်းချရန်နှင့်စျေးဝယ်သူများကို တစ်ဦးလျင် ၆ ပေအကွာသာရောင်းချရန်၊  မိမိနေအိမ်သို့ရပ်ဝေးမှလာရောက်သောဧည့်သည်နှင့်အိမ်နီးနားခြင်းများလာရောက်ခြင်းမပြုရန်နှင့် သွားရောက်လည်ပတ်ခြင်းမပြုရန်၊ဧည့်သည်များရောက်ရှိလာပါကလည်းစိစစ်မှုခံယူနိုင်ရေး သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးထံ ချက်ချင်းသတင်းပို့ရန်၊  ကုန်တင်ယာဉ်များ၊ခရီးသည်တင်ယာဉ်များအနေဖြင့် မြို့နယ်အဆင့် ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ စိစစ်သတ်မှတ်၍လိုအပ်သည့်ယာဉ်များသာသွားလာရန်၊  ကုန်တင်ယာဉ်မောင်းများ၊ခရီးသည်တင်ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များအနေဖြင့်Test Kid စစ်ဆေးပြီးမှသာ မြို့နယ်ပြင်ပသို့ထွက်ခွာရန်၊  ကုန်တင်ယာဉ်များခွင့်ပြုချက်မရှိဘဲသွားရောက်သည်ကိုစိစစ်တွေရှိပါက ထိရောက်စွာအရေးယူဆောင်ရွက်ရန်၊  အခြားမြို့နယ်ဒေသများမှ လာရောက်သောဝန်ထမ်းများ၊ ပြည်သူများအနေဖြင့် (၇၂) နာရီအတွင်း Test Kid စစ်ဆေးမှု အထောက်အထားပါရှိမှသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး မပါရှိပါက သက်ဆိုင်ရာ Quarantine Centerများတွင်မိမိစရိတ်ဖြင့်သာနေထိုင်ရန်၊စားသောက်ဆိုင်များ၊လက်ဖက်ရည်ဆိုင်များအနေဖြင့် (ပါဆယ်)စနစ်ဖြင့်သာရောင်းချခြင်းပြုရန်၊  ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၇-၈-၂၀၂၁)ရက်စွဲပါအမိန့်ကြော်ညာစာအမှတ်၊၁၂၄/၂၀၂၁အရ ထပ်မံ၍ (၉-၈-၂၀၂၁)ရက်နေ့မှ (၁၅-၈-၂၀၂၁)ရက်နေ့ထိအားတစ်ဆက်တစ်စပ်တည်းအများပြည်သူအလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြေညာခဲ့ပြီး ထိုကာလအတွင်း ကိုဗစ်-၁၉ရောဂါကူးစက်မှုကို ထိရောက်စွာဟန့်တားနိုင်ရေးအတွက်အဆိုပါအချက်များအား မိဘပြည်သူများ၊ဌာနဆိုင်ရာများအနေဖြင့် လိုက်နာပူးပေါင်းပေးကြပါရန်နှင့် လိုက်နာမှုမရှိပါက ကူးစက်ရောဂါကာကွယ် နှိမ်နင်းရေးဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းမြို့နယ်အဆင့် ကိုစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ကြေညာအသိပေးခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပေးကြေညာခြင်းကို မြို့နယ်နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်များ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍သြဂုတ်လ (၈)ရက် နေ့ညနေ ၈ နာရီအချိန်မစတင်၍ မြို့ပေါ်(၃)ရပ်ကွက်အတွင်းလှည့်လည်ကာ ထုတ်ပြန်ကြေညာချက်အား နှိုးဆော်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

 ဟန်ကမ်း(နန်းယွန်း)