လက်ပံတန်း ဩဂုတ် ၉
လက်ပံတန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီ ပံ့ပိုးပေးနေပါသော စေတနာ့ဝန်ထမ်း ပရဟိသမားများအတွက် အစား အသောက်များထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ညနေက မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင် ယာယီ ရဲမှူးတင်ဦး၊ မြို့မိမြို့ဖ ဦးမျိုးသန်းလှိုင်၊ ဦးဇော်ထက်နိုင်နှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုဝင်းတို့မှ Quarantine Centre များသို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။
လက်ပံတန်းမြို့နယ်ပြည်သူ့ဆေးရုံ၊ အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်း ကုသရေးစင်တာ၊ ကျွန်းကလေးကုသရေးစင်တာ၊ အထက(၁)၊ အထက(၂)၊အထက (၃)ရှိ Quarantine Centre များ မော်တော်ယာဉ် အဖွဲ့များသို့ တစ်ဦးလျှင်ကြက်ဥ ၁၀ လုံး၊ ခေါက်ဆွဲခြောက် ၅ ထုပ်စီ သွားရောက်ထောက်ပံ့ပေးခဲ့ပြီး ကျန်အဖွဲ့ဝင်များသို့လည်း ဆက်လက်ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)