မြင်းမူ ဩဂုတ် ၉
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ တပင်ရွှေထီးရပ်ကွက်တွင် မိသားစုတစ်ပိုင်တစ်နိုင် စားဖိုချောင်သုံး ဟင်းသီး/ဟင်းရွက် ကိုယ်တိုင်စိုက်ပျိုးရောင်းချလျက်ရှိသည့် မိသားစုမှာ ပုံမှန်ဝင်ငွေရရှိလျက် ရှိကြောင်း သိရသည်။
မိသားစုအနေနဲ့ စားဖိုချောင်သုံး အသီး/အရွက်များကို ရာသီအလိုက်နှစ်ပတ်လည်စိုက်ပျိုး ရောင်းချလျက်ရှိပါကြောင်း၊ ခုနောက်ပိုင်း ကိုဗစ်ကာလဖြစ်တော့ ခြံကိုဖောက်သည် လာရောက် ဝယ်ယူသူတွေ များလာကြောင်း၊ ဈေးကိုလည်း ထက်ဝက်လျှော့ပြီး ဖောက်သည်တွေကို ရောင်းပေးလျက်ရှိကြောင်း၊ ဖောက်သည်တွေကတစ်ဆင့် မော်တော်ကား၊ ဆိုင်ကယ်၊ စက်ဘီးများဖြင့် ရပ်ကွက်များ၊ ရွာများကိုတစ်ဆင့် ပြန်လည် ရောင်းချကြကြောင်း၊ ခြံအတွင်း စားဖိုချောင်သုံး အသီးအရွက်(၁၀)မျိုးကျော် စိုက်ပျိုးထားပြီး ရောင်းချလျက်ရှိရာ နေ့စဉ်ငွေကျပ် ၂၅၀၀၀ ကျော်ဝင်ငွေ ရရှိကြောင်း ခြံပိုင်ရှင် ဦးစိန်ဝင်းထံမှ သိရသည်။
မီးဖိုချောင်သုံး အသီး/အရွက်များဖြစ်သည့် ကန်စွန်း၊ ချဉ်ပေါင်၊ ငရုပ်သီးစိမ်း၊ နံနံပင် ခရမ်းသီး၊ ပူဒီနံ၊ ရုံးပတေသီး၊ ကိုက်လံနှင် ဇလတ်ပင်များအပြင် စားသောက်ဆိုင်များမှ အများဆုံး ဝယ်ယူပြီး ဈေးကောင်းရရှိသည့် အိုးမုန့်ညှင်း၊ မုံ့ညှင်းဖြူ၊ မုန့်ညှင်းချို ပင်များကို စိုက်ပျိုး ရောင်းချလျက်ရှိကြောင်း သိရသည်။
အောင်စိုးဖေ(မြင်းမူ)