ဒေးဒရဲ ဩဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ စတိုးဆိုင်နှင့် မုန့်မျိုးစုံဆိုင်များအား ယမန်နေ့ နံနက် ၁၁ နာရီက ရှောင်တခင် စစ်ဆေးခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ဒေးဒရဲမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်စစ်ဆေးရေးမှူး ဦးသိမ်းမောင် နှင့်အဖွဲ့က မြို့ပေါ်ရပ်ကွက်များအတွင်းရှိ စတိုးဆိုင်နှင့် မုန့်မျိုးစုံဆိုင်များအား ရောင်းချသော ကုန်စည်များတွင် စားသုံးသူ အကာအကွယ်ပေးရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြချက်များ ပြည့်စုံစွာပါဝင်မှု ရှိ/မရှိနှင့် သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပြီး စတိုးဆိုင်နှင့် မုန့်မျိုးစုံဆိုင် ပိုင်ရှင်များအနေဖြင့် သတ်မှတ်ချက်များ နှင့်အညီ လိုက်နာ ဆောင်ရွက်စေရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)