သရက် ဩဂုတ် ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ် မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်များစာရင်းကြေညာထားရှိမှု နှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူ များ အားကတ်ပြားရရှိရေးဆောင်ရွက်နေမှုများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်နှင့် အဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့သည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုမှုဆောင်ရွက်ရာတွင် သရက်မြို့နယ်၊ ပျဉ်ထောင်အုပ်စု၊ မင်းတည်းအုပ်စု နှင့် ပြည်တော်အေးရပ်ကွက်တို့၌ ပထမအကြိမ်မဲဆန္ဒရှင်များအမည်စာရင်းကြေညာထားရှိမှုနှင့် အသက် (၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်ပြုလုပ် ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် အိမ်ထောင်စုစာရင်းပြုလုပ်ပေးခြင်းများဆောင်ရွက်နေမှုများကို ကြည့်ရှု ပြီး မြို့နယ်အုပ်ချုပ်ရေးနှင့်အဖွဲ့မှ လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။ သရက် မြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင်လည်း အဖွဲ့များခွဲ၍ ကွင်းဆင်းကာ နိုင်ငံသား စိစစ်ရေး ကတ်ပြား များကို နေ့ချင်းပြီး ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်ဝမ်းထွန်း (အောင်လံ)