ကန်ကြီးထောင့် ၌လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ စစ်ဆေး

ကန်ကြီးထောင့်  ဩဂုတ်  ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ လိုင်စင်ထုတ်ပေးထားသော လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များတွင် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဦးစီးအရာရှိ ဦးသန်းစိုးလွင် ဦးဆောင်သောအဖွဲ့မှ ကန်ကြီးထောင့်မြို့နယ်အတွင်း ရန်ကုန်-ပုသိမ် ကားလမ်းမဘေးရှိ လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျရောင်းချမှု ရှိ/မရှိ တို့ကို လိုက်လံစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

အလားတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဈေးရောင်း၊ ဈေးဝယ်များ နှာခေါင်းစည်းများ တပ်ဆင်မှုရှိစေရေး စစ်ဆေး ကြတ်မတ်ခြင်းများကိုလည်း အဖွဲ့ပိုင်ဈေးများတွင် နေ့စဉ်ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်စည်ပင်သာယာ‌ ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှိုင်ဝင်းဟန်မှ ပြောသည်။

နန်းထိုက် (ပြန်/ဆက်)