ဝေါ ဩဂုတ် ၁၂
၂၀၂၀ ပြည့်နှစ် ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို သတ်မှတ်ပုံစံအတိုင်း ဇူလိုင် ၂၅ ရက်နေ့မှ ဩဂုတ် ၇ ရက်နေ့အထိ ဝေါမြို့နယ်အတွင်းရှိသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးများ၌ ကပ်ထားကြေညာ ထားပြီး မဲဆန္ဒရှင် စာရင်းများ ပိုမိုပြည့်စုံမှန်ကန် စေရန် နှင့် မဲဆန္ဒရှင်များမှ လိုအပ်သည့် တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများ ဆောင်ရွက်ရန် အတွက် အချိန် ပိုမို ရရှိစေရန် ရည်ရွယ်၍ ဩဂုတ် ၈ရက်နေ့မှ ၁၄ရက်နေ့အထိ ထပ်မံတိုးမြှင့်ကပ်ထားပြီး မဲဆန္ဒရှင်များမှာ စိတ်ဝင်တစား လာရောက် ကြည့်ရှုကြကြောင်း သိရသည်။
ဝေါမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု(၆၄)အုပ်စု၌ မဲရုံပေါင်း (၁၁၅)ရုံဖွင့်လှစ်သွားမည် ဖြစ်ရာ မဲပေး ပိုင်ခွင့်ရှိသူ (၁၅၀၀၀၀) ဦးရှိပြီး မဲစာရင်းများ စနစ်တကျ ကပ်ထား ကြေညာထားမှု နှင့် ပြည့်စုံမှန်ကန်စေရန် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဌဦးစိုးလှိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဒေါ်ထိုက်ထိုက်လွင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များကရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ့များတွင် ဆောင်ရွက်ထားရှိမှုများ၊ ရပ်ကွက်နေပြည်သူများကြည့်ရှုမှု အခြေအနေ၊မဲစာရင်း အချက် အလက် များ မှန်၊မမှန်စစ်ဆေးခြင်းနှင့် သတ်မှတ်ပုံစံများ ပြင်ဆင်ဆောင်ရွက်နေမှုများကို ကွင်းဆင်း စစ်ဆေးခဲ့သည်။
မဲစာရင်းကပ်ထားမှုအား မဲဆန္ဒရှင်များမှ နေ့စဉ်လာရောက် ကြည့်ရှုလျက် ရှိပြီး ဒုတိယ အကြိမ် မဲစာရင်းကို အောက်တိုဘာလတွင် ကြေညာ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)