ဘုတ်ပြင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော်

ဘုတ်ပြင်း ဩဂုတ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေးအတွက်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်မှူးနှင့် တာဝန်ရှိသူများ ပရဟိတအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ ဘုတ်ပြင်း မြို့နယ် ခဲမိုင်းကျေးရွာတွင် ယနေ့ညနေက အသံချဲ့စက်ဖြင့် လိုက်လံအသိပေး ကြေညာ ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပေးကြေငြာချက်များတွင် နေအိမ်ပြင်ပသို့ မဖြစ်မနေထွက်ခွာပါက (Mask) နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရန်၊ သက်ကြီးရွယ်အိုနှင့်    နာတာရှည်ရောဂါ ဝေဒနာသည်များရှိရာ နေအိမ်များသို့ ဝင်ထွက်သွားလာခြင်း ဂရုပြုရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ကြရန်၊ လက်ကိုစက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျဆေးကြောရန်၊ အလုံပိတ် အခန်းများနှင့် အဲယားကွန်းအသုံးများသော အခန်းများ လေဝင်လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ စားသောက်ဆိုင်များတွင် ဝိုင်းဖွဲ့ စားသောက်ခြင်းများ ရှောင်ကြဉ်၍ ပါဆယ်စနစ်ဖြင့် သာရောင်းချ သွားကြရန်၊ မိမိနေအိမ်တွင်သာ  ဝယ်ယူစားသောက်ခြင်းပြုကြရန်၊ ပါးစပ်နှာခေါင်းစည်း Mask မတပ်ဆင် ထားသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ကြပါရန်နှင့် အများစုသည် အဆုတ် ပျက်စီးမှုကြောင့် ဖြစ်ကြောင်း၊ အဆုတ်၊ နှလုံး၊ သွေးတိုးရောဂါရှိသူများ သေဆုံးမှုများကြောင်း၊ ဆေးလိပ်များ သောက်သုံးခြင်း မပြုရန်နှင့် မိသားစုအတွင်း ဖျားနာသူများရှိပါက အိမ်တွင်နေထိုင်စေပြီး ကိုဗစ်-၁၉ရောဂါ လက္ခဏာများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်မှူး မှတစ်ဆင့် ကျန်းမာရေး ဌာနသို့ ဆက်သွယ်ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီး  သော်လည်း ကာကွယ်ရေး လုပ်ငန်းများကို ဆက်လက် လိုက်နာကြရန် အထက်ပါ ကြေငြာချက်များကို အများပြည်သူမှ တစ်ဦး တစ်ယောက်ချင်းစီ လိုက်နာဆောင်ရွက်ခြင်းဖြင့် ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်း ပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်းအသိပေးနှိုးဆော် လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)