ကော့ကရိတ် သြဂုတ် ၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများပြားလာပြီး ဖြစ်သောကြောင့် ရောဂါကူးစက်မှုကို ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြန် / ဆက်ဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ် - ၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ပန်ကြားချက် များကို ယမန်နေ့ ညနေ ၆နာရီအချိန်က ကော့ကရိတ်မြို့ ရပ်ကွက်(၇)ရပ်ကွက်ရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာ နေရာများတွင် အသံချဲ့စက်ဖြင့် လိုက်လံအသိပေး ကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါ ကြေညာချက်တွင်အများပြည်သူ အလုပ်ပိတ်ရက်ကာလအတွင်း ကိုဗစ် - ၁၉ရောဂါ ကူးစက်မှုကို ထိရောက်စွာ ထိန်းချုပ်ဟန့်တားတိုင်ရေးအတွက် နေအိမ်ပြင်ပထွက်ခွာသူများအား ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ရန် နှင့် နေအိမ်ပြင်ထွက်ခွာခွင့် လက်မှတ်ဖြင့် ထွက်ခွာကြရန်၊ ယခုအခါ စည်းကမ်းဖောက်ဖျက်သူများကို နေ့စဥ်တွေ့ရှိရ သဖြင့် သြဂုတ် ၇ ရက်နေ့မှစ၍ စစ်ဆေးရေးအဖွဲ့များက အဆိုပါ စည်းကမ်းဖောက်ဖျက်သူများအား စစ်ဆေး၍ ဒဏ်ငွေ (၅၀၀၀) အပြင် တည်ဆဲဥပဒေများနှင့် အညီ အမှုဖွင့်အရေးယူဆောင်ရွက်သွားမည့် အချက်များ ပါဝင်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)