လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို လူဦးရေ(၃၀၁၂)ဦးအထိ ထိုးနှံပြီးစီး

လှိုင်းဘွဲ     ဩဂုတ် ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် သံဃာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် နိုင်ငံ့ဝန်ထမ်းများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၊ ရွှေဂွန်းတိုက်နယ်ဆေးရုံ၊ မြိုင်ကြီးငူတိုက်နယ်ဆေးရုံနှင့်ပိုင်ကျုံမြို့တိုက်နယ်ဆေးရုံတို့၌ စုရပ်(၄)ခုတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောငြိမ်းထွန်းနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ သက်ဆိုင်ရာ တိုက်နယ်ဆေးရုံရှိ ကျန်းမာရေးမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက ဩဂုတ်လ(၁)ရက်နေ့မှ စတင်၍  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ရာ ဩဂုတ်လ(၆)ရက်နေ့အထိ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွား(၉၀၉)ဦး၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း(၃၆)ဦး၊ VOLUNTEER/ ပရဟိတ(၅၁၈)ဦး၊ဘုန်းကြီး/သီလရှင်/ ဘာသာရေးကျောင်း (၂၅၉)ဦး၊နိုင်ငံ့ဝန်ထမ်း(၈၅၄)ဦး၊ နိုင်ငံ့ဝန်ထမ်း မိသားစု(၄)ဦး၊ အလုပ်ရုံဝန်ထမ်း(၄)ဦး၊ ပို့ဆောင်ရေးလုပ်ငန်း(၁၇)ဦးနှင့် ဈေးသည်(၄၁၁)ဦး စုစုပေါင်း(၃၀၁၂)ဦးတို့ကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)