ဘုတ်ပြင်းမြို့နယ်တွင် ကျန်းမာရေးသုံးပစ္စည်း၊ ဆေးနှင့်စားသောက်ကုန်များ လှူဒါန်း

ဘုတ်ပြင်း ဩဂုတ် ၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကုသရေး ကော်မတီသို့ ကျန်းမာရေးအသုံး အဆောင်ပစ္စည်း၊ ဆေးနှင့်စားသောက် ကုန်များ ပေးအပ်လှူဒါန်းခြင်းကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်သပြေခန်းမ၌ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဦးနေလင်းအောင် က ဌာနကိုယ်စား ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကုသရေး  စင်တာများအတွက် ငွေကျပ်(၅)သိန်း တန်ဖိုးရှိသည့် PPE (၂၀)စုံ၊ Mask (၂၀)ဘူး၊ လက်အိတ်(၂)ဘူး၊ ဓါတ်ဆား(၂)ဘူး၊ Cevit (၂)ဘူး၊  Para (၃၀)ကဒ်၊  Zinc(၃၀)ကဒ်၊ ကြက်ဥ(၁၅၀)လုံးနှင့် ရေသန့် တစ်လီတာဘူး (၁၉၂)ဘူးတို့ကို ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက လက်ခံ ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးအသုံး အဆောင်ပစ္စည်းများနှင့် စားသောက်ကုန်များကို ဘုတ်ပြင်းမြို့နယ် အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကုသရေး စင်တာများသို့ ဆက်လက် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)