လက်ပံတန်းမြို့နယ်တွင် International Youth Day အထိမ်းအမှတ်လူငယ်များ တွေ့ဆုံ၍ စုပေါင်းသစ်ပင်စိုက်

လက်ပံတန်း ဩဂုတ် ၁၂

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် လူငယ်ရေးရာကော်မတီမှ International Youth Day အထိမ်း အမှတ်လူငယ်များ တွေ့ဆုံပွဲကို ယနေ့နေ့လည်ပိုင်းက လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုခန်းမ Community Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာမြို့နယ်လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး စောဇော်ဇော်လွင် က လူငယ်ရေးရာ ကော်မတီဖွဲ့စည်းပုံ၊ မူဝါဒအကျဉ်းချုပ်နှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအကြောင်း ရှင်းလင်းဆွေးနွေး၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်ဝင့်နန္ဒာဌေး က လူငယ်များအတွက် အမှတ်တရ အားပေး စကား ပြောကြားခဲ့သည်။

ထို့နောက်လူငယ်များမှ International Youth Day အထိမ်းအမှတ် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးနှင့် မြို့သာယာလှပရေးအတွက် မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့်အတူ မြေစာရင်း ရုံးလမ်းတွင်  တပေဘူယသစ်ပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ဝင့်နန္ဒာဌေး