လောင်းလုံးမြို့နယ်၌ စျေးရောင်း/ စျေးဝယ်သူများ ပါးစပ်၊နှာခေါင်းစည်း Mask တပ်ဆင်ထားမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့်အသိပညာပေးခြင်းများ ဆောင်ရွက်

လောင်းလုံး သြဂုတ် ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်တွင် ကိုဗစ် - ၁၉ရောဂါ ကူးစက်မှုမပြန့်စေရေးအတွက် လောင်းလုံးမြို့နယ်၌ စျေးရောင်း/ စျေးဝယ်သူများ နှာခေါင်းစည်း  Mask တပ်ဆင်ထားမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို ယနေ့ နံနက် ၈ နာရီခွဲအချိန်က လောင်းလုံးမြို့မစျေးနှင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိစျေးဆိုင်များအား စစ်ဆေးဆောင်ရွက် လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် လောင်းလုံး မြို့နယ်အတွင်းရှိ ပြည်သူများအားကိုဗစ်- ၁၉ရောဂါ မိမိကစ၍ကာကွယ်ပါဆောင်ပုဒ်နှင့်အညီ စျေးရောင်းသူ/ စျေးဝယ်သူ၊ လမ်းထွက် သွားလာသူများအား ရောဂါကာကွယ်ထိန်းချုပ်ရေးစည်းမျဥ်းစည်းကမ်းများကို လိုက်နာ ဆောင်ရွက်သွားစေရန်၊ ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှုအရှိန်အဟုန်ဖြင့်ပြန်လည်ဖြစ်ပွားလာသဖြင့် ပြည်သူများအနေဖြင့် မိမိကိုယ်မိမိကျန်းမာရေး အသိစိတ်ဖြင့် ကာကွယ်ကြရန်နှင့် အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း Mask ကိုနစ်တကျတပ်ဆင်ကြရန်၊ လူစုလူဝေးရှောင်ကြဉ်ကြရန် ကျန်းမာရေးအသိပညာပေးနှိုးဆော်ခြင်း၊ စျေးရောင်းချသူများနှင့် စျေးဝယ်သူများ ပါးစပ်၊နှာခေါင်းစည်း(Mask)တပ်ခြင်းရှိ၊မရှိတို့ကို စစ်ဆေးပြီး တပ်ဆင်ခြင်း မရှိသူများအား ပါးစပ်၊နှာခေါင်းစည်းတပ်ဆင်ရန် အသိပညာပေးဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် လောင်းလုံးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်နှင့်ဝန်ထမ်းများ၊ မြို့မရဲစခန်းမှ ယာယီရဲမှူး မင်းကိုနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လောင်းလုံး (ပြန်/ဆက်)