ရေတာရှည် သြဂုတ် ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်း အတွင်း ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံရပြီး ဆေးကုသမှု ခံယူခဲ့ရသူ စုစုပေါင်း ၁၇၄ ဦးအား ယနေ့မနက် ၉ နာရီ အချိန်တွင် ဆန်ရိက္ခာ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ဆန်ရိက္ခာ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် အဖွဲ့ဝင်များက တက်နေဝန်းဆန်စက်တွင် ကိုဗစ်-၁၉ရောဂါ ဒုတိယလှိုင်းအတွင်း ရောဂါပိုး ကူးစက်ခံရသူ(၁) ဦးလျှင် ဆန် (၁၃) ပြည်နှုန်းဖြင့် ၁၇၄ ဦးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
အေးဆု