ယင်းမာပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် (၆၅) နှစ် အထက်ရှိသူများ၊ဌာနဆိုင်ရာဝန်ထမ်းများ ၊ ဝန်ထမ်းမိသားစုများ၊ ပြည်သူများအား ပထမအကြိမ် ထိုးနှံပြီးစီးမှု နှင့်ဆောင်ရွက်ခဲ့ရသည့် အခြေအနေများ၊ ဆက်လက်ထိုးနှံပေးမည့် အခြေအနေများ နှင့်

ယင်းမာပင် ဩဂုတ် ၆ ယင်းမာပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမန်ကိုဟောနှင့်တွေ့ဆုံမေးမြန်း မေး။ ။ ယင်းမာပင်မြို့နယ်အနေနဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရပါတယ်၊ ဆောင်ရွက်မှုအခြေနေပြောပြပေးစေလိုပါတယ်။ ဖြေ။ ။ ဆေးထိုးနှံခြင်းလုပ်ငန်းတွေကိုတော့ ကျွန်တော်တို့ ညွှန်ကြားချက်နဲ့အညီ ဩဂုတ်လ ၃ ရက်နဲ့ ၄ ရက်နေ့ နှစ်ရက်နဲ့ အပြီးဆောင်ရွက်ခဲ့ပါတယ်ခင်ဗျ။ မေး။ ။ သတ်မှတ်ထားတဲ့စုရပ်တွေမှာ ဦးတည်အုပ်စုများက လာရောက်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံမှုကိုလည်း ပြောပြပေးပါခင်ဗျ။ ဖြေ။ ။ ကျွန်တော်တို့မြို့နယ်အနေနဲ ကြိုတင်စာရင်းကောက်ယူရေးအဖွဲ့ (၆) ဖွဲ့ဖွဲ့စည်းထားပြီး တော့ ဒီ(၆) ဖွဲ့မှာလည်း ကျွန်တော်တို့ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာန ဆရာ/ဆရာမ များပါသလို ဌာနဆိုင်ရာဝန်ထမ်းများလည်းပါပါတယ်၊ နောက်ပြီးတော့ လူမှုရေးအသင်း အဖွဲ့ကပရဟိတလူငယ်တွေလည်းပါဝင်ပါတယ်၊ ထိုးနှံဖို့အတွက် ပထမ (၃) ရက်နေ့မှာ တော့ကျွန်တော်တို့မြို့ပေါ်မှာ စုရပ်(၃) နေရာသတ်မှတ်ဆောင်ရွက်ခဲ့ပါတယ်၊ အဲဒါကတော့ အထက၊အလကခွဲ(၁)နဲ့အလကခွဲ(၂) စုစုပေါင်းသုံးနေရာထိုးနှံခဲ့ပါတယ်။ ပထမတစ်ရက်မှာ အသက်(၆၅) နှစ်နဲ့အထက်လူကြီးများကို ဦးစားပေးထိုး နှံတာဖြစ်ပြီး တော့ ကျန်တဲ့ ဦးတည်(၁၁)အုပ်စုမှာပါတဲ့အဖွဲ့တွေကိုလည်း ကျွန်တော်တို့ လာရောက်တဲ့ အပေါ်မှာ မူတည်ပြီး စားရင်းမှတ်သားကောက်ယူပြီး ထိုးနှံပေးတာရှိပါတယ် ခင်ဗျ၊ ဒုတိယရက်မှာ တော့လည်ငေါက်ကျေးရွာ(၁)နေရာ၊ မောက်သရက်ကျေးရွာမှာ(၁)နေရာ၊ ရွှေတောင်ဦးမှာ (၁) နေရာ၊ယမ်စီကုမ္ပဏီမှာ (၁) နေရာစုစုပေါင်း နယ်မှာ (၄) နေရာနဲ့မြို့ပေါ် နှစ်နေရာ တစ်ပြိုင်နက်ထိုးနှံခဲ့ပါတယ်။ အဲဒီမှာလည်း သက်ဆိုင်ရာ အနီးနား ကျေးရွာတွေက လာရောက်ထိုးနှံတာကိုလည်း တွေ့ရှိ ရပါတယ်။ မေး။ ။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခဲ့အပေါ် တာဝန်တွေဘယ်လိုခွဲဝေဆောင်ရွက်ခဲ့ ပါသလဲသိချင်ပါတယ်ခင်ဗျ ဖြေ။ ။ နေရာဒေသအသီးသီးမှာ ကျန်းမာရေးဝန်ထမ်းများတစ်နေရာမှာ အနည်းဆုံးဆရာ/ဆရာမ (၂) ယောက်ပါပါတယ်။ကျွန်တော်တို့ လူမှုရေးအသင်းအဖွဲ့တွေဖြစ်တဲ့ အဖွဲ့တွေလည်း ပါဝင်သလို မီးသတ်တပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကျေးစာရေးနဲ့ အုပ်ချုပ်ရေးမှူး၊ရပ်မိရပ်ဖ၊ ဌာနဆိုင်ရာဝန်ထမ်းများကလည်း (၆) ဖွဲ့လုံးမှာပါဝင်ပါတယ်။ တစ်ဖွဲ့မှာ (၁၅) ယောက် ဝန်းကျင်နဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ မေး။ ။ ယင်းမာပင်မြို့နယ်အနေနဲ့ယခုလိုထိုးနှံပေးရာမှာ ပြည်သူတွေပိုင်းကပူးပေါင်း ဆောင်ရွက် မှုအခြေနေရောပြောပြပေးပါခင်ဗျ။ ဖြေ။ ။ အစပိုင်းမှာကျွန်တော်တို့ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ကြေညာတယ် ရပ်ကျေး အုပ်ချုပ်ရေးမှူးများကတစ်ဆင့် နောက်ပြီး မြို့ပေါ်မှာရော ကျေးရွာတွေမှာပါ အသံချဲ့ စက်များနဲ့ ကြေညာခဲ့ပေမယ့် ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု ရှိပါ့မလားဆိုတဲ့ ကျွန်တော်တို့ကိုယ်၌က သံသယဖြစ်ခဲ့ပါတယ်၊တကယ်ထိုးတဲ့အခါမှာ လာရောက်ထိုးနှံကြ တာကိုလည်းတွေ့ရှိရသလို တစ်ချို့ဆိုလို့ရှိရင်လည်း သက်ဆိုင်ရာ ကျေးရွာမှာရှိတဲ့ ရပ်မိရပ်ဖတွေက သူတို့မှာ ရှိတဲ့ယာဉ်တွေနဲ့ တင်ဆောင်လာပြီးတော့ အကြိမ်ကြိမ် ပို့ဆောင်တယ်၊ပြန်ခေါ်သွားတယ်အဲလိုနည်းနဲ့ ပါဝင်ပြီးတော့ဆောင်ရွက်ပေးခဲ့ကြတာ တွေ့ရပါတယ်၊တစ်ချို့နေရာတွေမှာ ရရှိတဲ့ဆေးအပေါ်မူတည်ပြီး လာရောက်တဲ့ အင်အား အရ မထိုးရသေးဘဲကျန်ရှိနေသေးတဲ့ အပိုင်းတွေလည်းတွေ့ရပါတယ်။ မေး။ ။ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌအနေနဲ့ မိမိရဲ့ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့မှုအပေါ် ပီတိစကားပြောကြားပေးပါခင်ဗျ ဖြေ။ ။ ဒါကတော့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းဆောင်ရွက်မှုဆိုတဲ့နေရာမှာ ကျွန်တော်တစ်ဦးတစ် ယောက်တည်နဲ့တော့ဘာမှ လုပ်လို့မရပါဘူး ၊ အဓိကကတော့ အဆင့်ဆင့် အကြီးအကဲ တွေရဲ့ ညွှန်ကြားချက်နဲ့အညီ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရဲ့ အနီးကပ်ကြီးကြပ်မှု နောက်ပြီး တော့ ခရိုင်အဆင့်ဌာနဆိုင်ရာတွေ ပူးပေါင်းပါဝင်မှုပါသလို ကျွန်တော်တို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ အထူးသဖြင့်တော့ မြို့နယ်မှာ ဆရာဝန်ကြီးတို့နဲ့ သင်္ဂဟလူမှု ကူညီရေးအသင်းများ ၊ အုပ်ချုပ်ရေးမှုးများ၊ရပ်မိရပ်ဖများ အားလုံးပူးပေါင်း ပါဝင်မှုနဲ့ တက်ကြွစွာ ပါဝင်ဆောင်ရွက်ပေးကြတဲ့အတွက် ကျွန်တော်တို့ ရာနှုန်းပြည့်လို့တော့ မဆိုနိုင်ပါဘူး ရည်မှန်းထားတာထက်ကိုတော့ အောင်မြင်အောင် ဆောင်ရွက်နိုင်တယ်လို့ ဝမ်းသာစွာတွေ့ရပါတယ်ခင်ဗျ။အဖွဲ့ဝင်အားလုံးရဲ့ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ပေးမှု ကြောင့် အောင်မြင်မှု အထိုက်အလျေုာက်တော့ ရတယ်လို့ကျွန်တော်သုံးသပ်ပါတယ်။ အားလုံးအပေါ်မှာလည်းကျေးဇူးတင်ပါတယ်။ မေး။ ။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ပတ်သတ်လို့ ယခုဆောင်ရွက်ထားရှိမှုနဲ့ ဆက်လက်ဆောင်ရွက်သွားမဲ့ အစီအမံများကို ပြောပြပေးစေချင်ပါတယ်ခင်ဗျ။ ဖြေ။ ။ ကျွန်တော်တို့မြို့နယ်အနေနဲ့ လက်ရှိ ခရိုင်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌရဲ့ အနီးကပ်ကြီးကြပ်မှုနဲ့ ခရီးသွားပြည်သူတွေကို မြို့အဝင်အထွက်ဂိတ်(၂) ခုဖွင့်လှစ်ပြီး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ ၊ အုပ်ချုပ်ရေးမှူးများနဲ့ မနက် (၆) နာရီက နေ ညနေ (၆) နာရီ အထိ ခရီးသွားပြည်သူတွေကို စိစစ်ဆောင်ရွက်ပေးနေတာရှိသလို ဆက်လက်ပြီး ကာကွယ်ဆေး ရရှိတဲ့အပေါ်မူတည်ပြီးတော့ ဆက်လက် ထိုးနှံနိုင်ဖို့အတွက် စာရင်း ကောက် ယူမှုကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။လက်ရှိ ဆရာဝန်ကြီးရဲ့ ပူးပေါင်းဆောင်မှုနဲ့ကျေးရွာမှာ ဒီရောဂါနဲ့ပတ်သက်လို့ အနံ့ပျောက်တာ ၊ မသင်္ကာဖွယ်ရာ သံသယလူနာတွေရှိတယ်ဆိုရင်ဆေးရုံမှာတစ်ပတ်နှစ်ကြိမ်စစ်ဆေးပြီးတော့ ပိုးတွေ့လူနာ ဆိုရင်လည်းဆေးရုံမှာကုသတယ်၊ကျန်တဲ့ ထိတွေ့ဆိုရင်လည်း သက်ဆိုင်ရာ ကျေးရွာတွေ နေအိမ်မှာ ရက်အကန့်အသတ်နဲ့ ဆရာဝန်ကြီးရဲ့ ညွှန်ကြားချက်နဲ့အညီ ထိန်းချုပ် ဆောင်ရွက်လျက်ရှိပါတယ်။အသိပေးကြေညာတာတွေ လက်ကမ်းစာစောင်ဝေတာတွေ ဆက်လက်ဆောင်ရွက်ဖို့လည်းရှိပါတယ်ခင်ဗျ။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျ။ ယင်းမာပင် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဖြိုးဟန်အား အားတွေ့ဆုံမေးမြန်း မေး။ ။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့တဲ့အခြေအနေပြောပြပေးပါခင်ဗျ။ ဖြေ။ ။ ကျွန်တော်တို့ ကိုဗစ်_၁၉ ရောဂါကာကွယ်ဆေးထိုးနှံတာ (၂) ရက်ဆောင်ရွက်ခဲ့ပါတယ်။ ၃.၈.၂၀၂၁ ရက်နဲ့ ၄.၈.၂၀၂၁ ရက်နေ့များမှာ ဆောင်ရွက်ခဲ့ပါတယ်၊ ၃.၈.၂၀၂၁ ရက်နေ့မှာ ကျွန်တော်တို့ မြို့ပေါ် (၃) အုပ်စုခွဲပြီးတော့ဆောင်ရွက်ပါတယ်၊အုပ်စုတစ်ခုမှာဆိုရင် ကျန်းမာရေးဝန်ထမ်း(၂) ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(၃) ဦး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ကြက်ခြေနီ တို့နဲ့ ပူးပေါင်းဆောင်ရွက်ပါတယ်၊ကြေညာမှုကိုတော့ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးပါတယ်၊ ၃.၈.၂၀၂၁ ရက်နေ့မှာဆိုရင် အားလုံးပေါင်း (၆၆၄) ဦး ထိုးနှံခဲ့ပါတယ်၊ အဓိကအားဖြင့်တော့ ဦးတည်အုပ်စုထဲက အသက်(၆၅)နှစ်နှင့်အထက်ကို ဦးစားပေးပြီးထိုးနှံပါတယ်၊ ၄.၈.၂၀၂၁ ရက်နေ့မှာဆိုရင် အားလုံးပေါင်း (၁၃၃၆) ဦး ထိုးနှံခဲ့ပါတယ်၊ နှစ်ရက်ပေါင်းဆိုရင် Target (၂၀၀၀) ကို ပြည့်မီအောင်ထိုးနှံနိုင်ခဲ့ပါတယ်။ မေး။ ။ ယင်းမာပင်မြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံဖို့ စုရပ်(၃) နေရာခွဲ ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်၊ အဲလိုထိုးနှံပေးရာမှာ မြို့ပေါ်ရပ်ကွက်များကိုပဲထိုးပေး တာလား ကျေးရွာများကရောပါသေးလားခင်ဗျ။ပြည်သူတွေကရော ကာကွယ်ဆေး ထိုးနှံတဲ့ အပေါ်မှာ ရောယုံယုံကြည်ကြည်နဲ့လိုက်ပါဆောင်ရွက်မှုရှိပါသလား အဲဒါလည်း သိချင်ပါတယ်ခင်ဗျ။ ဖြေ။ ။ ယုံယုံကြည်ကြည်နဲ့ကြိုဆိုပြီးတော့ သောင်းသောင်းဖျဖျကို ကြိုဆိုပြီးတော့ ထိုးနှံခဲ့ရ ပါတယ်၊ ကျွန်တော်တို့ နောက်တစ်ခါလည်းထပ်ရပီးတော့လက်ရှိထိုးနှံတဲ့အင်အားထက် ထိုးချင်တဲ့အင်အားကပိုများနေလို့ အဖွဲ့နဲ့ဆိုတော့ ကျွန်တော်တို့ ဆေးတောင်မလောက်တဲ့ အထိအနေအထားရောက်သွားပါတယ်၊ အဲဒီတော့ နောက်တစ်ကြိမ် နောက်တစ်ကြိမ် တွေမှာလည်းကျွန်တော်တို့ ထပ်ထိုးဖို့လည်း ကြေညာထားခဲ့ပါတယ်၊နောက်လည်း ထိုးပေးအုံးမှာပါ ၊ ရည်မှန်းအုပ်စုတွေကို ပြည့်မီအောင် ထိုးနှံပေးသွားမှာဖြစ်ပါတယ်။ မေး။ ။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထပ်မံထိုးနှံပေးမဲ့ အစီအစဉ်များရှိရင် ပြောပြပေးပါခင်ဗျ ဖြေ။ ။ ကျွန်တော်တို့ နောက်တစ်ပတ်နှစ်ပတ်လောက်ဆိုရင် ထပ်ပီးထိုးနှံပေးဖို့ အစီအစဉ် ရှိပါတယ်ခင်ဗျ။ မေး။ ။ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဦးစီးဌာနရဲ့ဆောင်ရွက်နိုင်မှုအတွက် ပြည်သူများရဲ့အခန်းကဏ္ဍကိုလည်းပြောပြပေးပါခင်ဗျ။ ဖြေ။ ။ ကျွန်တော်တို့ကာကွယ်ရေးမှာတစ်ကိုယ်ရေသီးခြားနေခြင်းတို့ နောက်အသိပညာပေးခြင်း တွေကိုလည်း ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။ မေး။ ။ အခြားဖြည့်စွက်ပြောကြားလိုတာရှိရင်ပြောပြပေးပါခင်ဗျ။ ဖြေ။ ။ ကိုဗစ်-၁၉ ရောဂါဆိုတာ ကျွန်တော်တို့ ကျန်းမာရေးဌာနတစ်ခုတည်းနဲ့ဆောင်ရွက်လို့ မရပါဘူး၊ မြို့နယ်ကိုဗစ်-၁၉ ကော်မတီ၊ သက်ဆိုင်ရာဌာနများနဲ့ ပူးပေါင်းဆောင်ရွက် မှဖြစ်တယ် ၊ဒါ့အပြင် ပြည်သူအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ဒီရောဂါဆိုးကြီးကို အောင်မြင်စွာတိုက်ထုတ်နိုင်မှာဖြစ်ပါတယ်၊ဒါကြောင့်မို့ ပြည်သူအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါလို့ပြောကြားလိုပါတယ်။ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ကျွန်တော်တို့က ကာကွယ်ဆေးထိုးနှံဖို့ရှင်းပြရတဲ့အတွက်ရော ကိုဗစ်-၁၉ရောဂါအတွက် ပြည်သူလူထုကို ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဒီလိုမေးမြန်းပြီးတော့ ပြန်ကြားပေးတဲ့ အတွက်လည်း ကျွန်တော်က အထူးကျေးဇူးတင်ပါတယ်ခင်ဗျ။ ဟုတ်ကဲ့ အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ။ တွေ့ဆုံမေးမြန်းသူ-သန်းဌေး သတင်းရိုက်ကူးသူ-စိုးမိုးထိုက်