ကျောက်ပန်းတောင်းမြို့နယ် ထန်းတောရိုးကျေးရွာနေပြည်သူ(၂၆၄)ဦးတို့အား အကျိုးပြုမည့် အိမ်တိုင်ရာ ရောက်ရေပေး ဝေရေး လုပ်ငန်းများ(၉၀%)ဆောင်ရွက်ပြီးစီး

ကျောက်ပန်းတောင်း ဩဂုတ် ၆ မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် နိုင်ငံတော်ရန်ပုံငွေဖြင့်ဆောင်ရွက်လျှက်ရှိသည့် ဇလင်းတောင်ကျေးရွာအုပ်စု၊ ထန်းတောရိုးကျေးရွာ အိမ်တိုင် ရာရောက်ရေးပေးဝေရေးလုပ်ငန်းပြီးစီးမှုအခြေအနေများကို၊ ဩဂုတ်(၅)ရက်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့မှ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။ ဇလင်းတောင်ကျေးရွာအုပ်စု၊ ထန်းတောရိုးကျေးရွာနေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိစေရန်နှင့်အိမ် တိုင်ရာရောက် ရေပေးရေးစနစ်အတွက် ရေစင်နှင့် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းကို၊ ခွင့်ပြုရန်ပုံငွေကျပ်သန်း (၂၂.၇၅)သန်း ဖြင့် တင်ဒါအောင်ကုမ္ပဏီဖြစ်သည့် ကောင်းခန့်သစ္စာ ကုမ္ပဏီမှ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ၊ ဂါလံ(၂၄၀၀)ဆံ့ ရေစင်တည်ဆောက်ခြင်းလုပ်ငန်းနှင့် ၃လက်မပိုက်နှင့်ပေ ၁၂၀၀၊ ၂လက်မပိုက်နှင့် ပေ ၄၀၀၀ ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်း(၉၀%) ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် အင်ဂျင်နီယာအဖွဲ့မှ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်းသိရသည်။ အဆိုပါ ရေစင်တည် ဆောက် ခြင်း လုပ်ငန်းနှင့် ရေပိုက်လိုက်သွယ်တန်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါကထန်းတောရိုးကျေးရွာ ရှိ အိမ်ခြေ (၆၅)အိမ်၊ အိမ်ထောင်စု(၆၈)စုမှ လူဦးရေ(၂၆၄)ဦးတို့အတွက် သန့်ရှင်းသောသောက်သုံးရေကို အလွယ်တကူ ရယူသုံးစွဲသွားနိုင် တော့မည်ဖြစ်ကြောင်းသိရသည်။ နေအောင်