ပလက်ဝ သြဂုတ် ၆
ချင်းပြည်နယ်၊ မတူပီခရိုင်၊ ပလက်ဝမြို့နယ်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ပလက်ဝမြို့နယ်တွင်တာဝန်ထမ်း ဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်ကစ၍ လူငယ် သင်တန်းကျောင်းရှိသင်တန်းခန်း မ၌ဆက်လက်ထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီဝင်းကကြည့်ရှုအားပေးကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကိုမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ၊တပ်မတော်ဆရာဝန်များနှင့် ဆေးမှူးများ၊ စေတနာ့ဝန်ထမ်းများပူးပေါင်းပြီး ကာကွယ် ဆေးထိုးနှံပေးခြင်းဖြစ်၍ ကာကွယ်ဆေးထိုးနှံခြင်း မပြုမီလက်သန့်ဆေးရည်ဖြင့် လက်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ဆေးမထိုးရ အုပ်စု မှန်/ မမှန်စိစစ် ခြင်း၊ကာကွယ်ဆေးထိုးနှံပြီးပါကမိနစ် ၃၀ ကြာစောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်ပေးခဲ့ပြီးကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးကိုလူဦးရေ ၁၂၀ ဦးအား ဒုတိယနေ့တွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
အောင်ကျော် (ပြန်/ဆက်)