ထားဝယ် သြဂုတ် ၆
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူးဗိုလ်မှူးချုပ် သစ်လွင်ထူး၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည်ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် အတူယနေ့ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှု ဌာန ချုပ်နှင့် အမှတ်(၉၂၄)ထောက်ပံ့ ရေးနှင့်ပို့ဆောင်ရေးတပ်ရင်းဒေသအတွက် လိုအပ်လျက်ရှိသော သားငါးဖြည့် တင်းနိုင်ရေးနှင့် ကုန်စျေးနှုန်းတည်ငြိမ်ရေးအတွက် တစ်ပိုင်တစ်နိုင်စီးပွားဖြစ်မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်နေသူများအားကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူးဗိုလ်မှူးချုပ်သစ်လွင်ထူးနှင့်တာဝန်ရှိသူများက အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရှိ နို့စား နွား၊ ဥစားကြက်နှင့် ဝက်မွေးမြူရေးခြံသို့ လည်းကောင်း၊ တစ်ရူးငှက်ပျောပင် စိုက်ပျိုးရေးခြံသို့ လည်းကောင်း အမှတ်(၉၂၄)ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်ရင်းရှိဆိတ်၊ နွား (ဘရာမင် / ချော့ဒေါ့လစ် / အင်ဒိုဘရာဇီး)နှင့် ဘဲမွေးမြူရေးခြံသို့လည်းကောင်း တစ်ပိုင်တစ်နိုင်စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နေမူများအား လှည့်လည် ကြည့်ရှု့အားပေးပြီး လိုအပ်သည်များမှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တာဝန်ရှိသူများသည် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌အသက်(၆၀)နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများ၊အစိုးရ/ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်များ၊ သံဃာတော်များ၊သီလရှင်များနှင့်ကာကွယ်ဆေးမထိုးနှံရသေးသည့်သူများအား စနစ် တကျ ထိုးနှံပေး နေမှုများကိုကြည့်ရှု့၍ အားပေးစကားပြောကြားပြီးတာဝန်ရှိသူများအား လိုအပ် သည်များ လမ်းညွှန်မှာ ကြားခဲ့ကြောင်း သိရသည်။
ကျော်ကျော်လတ်(ထားဝယ်)