ဝေါမြို့နယ် ထိန်တပင်ကျေးရွာတွင် ရဟန်းသံဃာများ၊ အသက်(၆၅) နှစ်အထက် နှင့် Volunteerများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေး

                                                              ဝေါ သြဂုတ် ၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ထိန်တပင်ကျေးရွာ အထကကျောင်းတွင် ယနေ့နံနက်(၉) နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ရဟန်းသံဃာများ၊အသက်(၆၅) နှစ်အထက် နှင့် Volunteer များအား ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ထိုးနှံရာတွင် ကာကွယ်ဆေးမထိုးမီ ကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးတွင်း အောက်စီဂျင်တိုင်းခြင်းများပြုလုပ်ပေးခြင်းနှင့် ဆေးထိုးပြီးသူများအား ခေတ္တနားနေရန်နေရာများသို့ စနစ်တကျပို့ဆောင်ပေးခြင်းများကို တပ်မတော်ဆေးကုသရေးအဖွဲ့မှ ဗိုလ်ကြီးသော်ဇင်အောင် နှင့်အဖွဲ့များ မြို့နယ် ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များမှ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ဆေးထိုးနှံမှု စနစ်တကျရှိစေရန်အတွက် ဝေါမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးဝင်းမော် ၊ဗိုလ်မှူးမျိုးဝင်း အောင်နှင့် အဖွဲ့ဝင်များက ပြည်သူများ အဆင်ပြေ ချောမွေ့စွာ ဆေးထိုးနှံနိုင်ရေး တာဝန်ရှိသူများကလည်း ဆေးထိုးနှံ နေမှုများကို ကွင်းဆင်းကြည့်ရှု၍ အားပေးကူညီမှုများ ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း