ချောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၃၂၀)ဦးနှင့် သေဆုံးသူ(၁၀)ဦးထိရှိလာ

ချောက် သြဂုတ် ၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာများရှိ အနံ့ပျောက်ဝေဒနာ ခံစားနေရသူများမှ ကိုဗစ်ရောဂါစစ်ဆေးပေးနေသည့် GTI ကျောင်းသို့  ယမန်နေ့က လာရောက် စစ်ဆေးခဲ့ကြရာ ကိုဗစ်-၁၉ အတည်ပြုလူနာ (၅)ဦးထပ်မံတွေရှိခဲ့ပြီး အတည်ပြုလူနာ စုစုပေါင်း(၃၂၀)ဦး ရှိပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။  

ချောက်မြို့နယ်တွင်  ကိုဗစ်-၁၉  ရောဂါပိုးတွေ့ရှိသူ ရပ်ကွက်/ကျေးရွာများရှိ အတည်ပြုလူနာ စုစုပေါင်း (၅)ဦးတို့မှာ ချောက်မြို့အမှတ်(၆) ရပ်ကွက်(၁)ဦး၊ အမှတ်(၁၀) ရပ်ကွက်(၁)ဦး၊ အမှတ်(၁၅) ရပ်ကွက်(၁)ဦး၊  ထိန်စမ်းကျေးရွာ(၁)ဦး၊ ညောင်ဦးမြိုနယ်မှ(၁)ဦး တို့ဖြစ်သည်။ 

ချောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာစုစုပေါင်း (၃၂၀)ဦးရှိပြီး ဆေးရုံဆင်း (၁၄၁)ဦး၊ ယခုလက်ရှိအထိ ပိုတွေ့သူ(၁၆၉)ဦး တို့ကို ပြည်သူ့ဆေးရုံနှင့် Positive စင်တာတို့တွင် ထားရှိထားကြောင်းနှင့် သေဆုံးသူ(၁၀)ဦး အထိရှိလာပြီ ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ တာဝန်ရှိသူထံမှ သိရသည်။

မချို