ဝါးခယ်မ ဩဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ အနီးကပ်ကြည့်ကြပ်မှုဖြင့် ယမန်နေ့နံနက်(၁၀)နာရီက မင်းလံကစကဲ ကျေးရွာအုပ်စု၊ ကစကဲကျေးရွာ၊ ကစကဲ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းရှိ စည်းကမ်းထိန်းသိမ်းရေးရုံးတွင် အကျဉ်းသားများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဗိုလ်မှူး မင်းထွဋ်၊ အတွင်း ရေးမှူးရဲမှူး အေးလွင်၊ အကျဉ်းစခန်းတာဝန်ခံ ဦးချစ်ကို၊ မြောင်းမြအကျဉ်းထောင် ဆရာဝန် ဒေါက်တာ ဇင်မျိုးအောင်နှင့်တာဝန်ရှိသူများက အကျဉ်းစခန်းရှိ အကျဉ်းသား(၅၄)ဦးတို့အား တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ထုတ်လုပ်သော Sinopharm ဆေးများကို ပထမအကြိမ်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
စောသန္တာဦး(ဝါးခယ်မပြန်/ဆက်)