မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ၌ ဗန်းမော်ဒေသထွက် နာနတ်သီးများ ရောင်းအားကောင်း

ဆိပ်ဖြူ   သြဂုတ်   ၁၂

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ဗန်းမော်ဒေသထွက် ရာသီပေါ်နာနတ်သီးများကို ဒေသခံပြည်သူများ နှစ်ခြိုက်စွာ စားသုံးကြသည့်အတွက် နာနတ်သီးများရောင်းအားကောင်လျှက်ရှိကြောင်းသိရသည်။

ဆိပ်ဖြူမြို့နယ်သို့ ဗန်းမော်ဒေသမှထွက်ရှိသော နာနတ်သီးများကို မိတ္ထီလာမြို့နယ်မှ တစ်ဆင့်ပြန်သယ် ယူ၍ အလုံးအသေးအကြီးပေါ်မူတည်ကာနာနတ်သီး တစ်လုံးလျှင် (၅၀၀) ကျပ်၊ (၄)လုံးတစ်ထောင် ၊(၅)လုံးတစ်ထောင် ကျပ်တို့ဖြင့် ရောင်းချနေရပြီး တစ်နေ့လျှင် နာနတ်သီး အလုံးရေ (၃၀၀) ခန့်ရောင်းရကြောင်း သစ်သီးမျိုးစုံ ရောင်းချသူ တစ်ဦးက ပြောကြားသည်။ ဒေသခံပြည်သူတစ်ဦးကလည်း ယခင်နှစ်က ဒီလိုအချိန်ဆို တစ်လုံးကို (၅၀၀) ကျပ်နဲ့ဝယ်စားရတယ် ၊ယခုနှစ်က ယခင်နှစ်ထက် လည်းပေါတယ်ဈေးနှုန်းလည်းချိုတယ် နာနတ်သီးကို ခရီးသွားရင်း ၊ အိမ်အပြန် မိသားစု အတွက် ဝါတွင်းကာလ သီတင်းသီလဆောက်တည်ရာတွင် ဆရာတော်ကြီးများ လှူဖွယ်အဖြစ်  ဝယ်ယူ ကြကြောင်းသိရှိရသည်။

 ကိုဇွဲ(အညာမြေ)