မကွေးမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနိုင်းအစည်းအဝေး ကျင်းပပြုလုပ်

မကွေး ဩဂုတ် ၁၂

မကွေးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၁၀)နာရီအချိန်က ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအ‌ဝေးကျင်းပခဲ့ရာ မကွေးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်စိုးဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။

 မကွေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစောလွင်နှင့် မကွေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွင့်ဝင် (အများယုံကြည်)၅ဦးမှ လုပ်ငန်းဆောင်ရွက်မှုများကို ဆွေးနွေး တင်ပြပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များဖြစ်ကြသော ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင် နှင့် အဖွဲ့ဝင်များမှ မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုနှင့် မဲစာရင်းတွင်ပြင်ဆင်လိုခြင်း၊ မှတ်ပုံတင်အမှတ် မွေးသက္ကရာဇ်လွှဲမှားခြင်းတို့အား အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးပြီး မကွေးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်စိုးဝင်းမှ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မကွေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်စိုးဝင်း၊ အတွင်းရေးမှူး ဦးစောလွင်နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

ဘကြီးအောင်(ပြန်/ဆက်)