အုတ်ဖို ဩဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် တက်ဆွဲကျေးရွာတွင် မြစ်မခရေ မြင့်တက်လာမှုကြောင့် ၁၁နာရီ ၃၀ အချိန်က လူနေအိမ်တစ်လုံး မြေကျွံယိုင်ကျပျက်စီး ခဲ့ကြောင်းသိရသည်။
အဆိုပါ လူနေအိမ်မြေကျွံယိုင်ကျပျက်စီးရာနေရာသို့ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီမှ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ရာ တက်ဆွဲကျေးရွာနေ ဦးစောမင်းထွေး၏ နေအိမ်မှာ မြစ်မခရေမြင့်တက်လာမှုကြောင့် ပျက်စီးခဲ့ခြင်း ဖြစ်ပြီး ရေဘေးသင့်အိမ်ထောင်စုများအား မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှ ကြီးကြပ်ဆောင်ရွက်မှုဖြင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ရပ်မိရပ်ဖများနှင့် ဆွေမျိုးသားချင်းများပူးပေါင်း၍ နေထိုင်စားသောက်ရေး အတွက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လူ/တိရစာ္ဆန် ထိခိုက် သေဆုံးမှု မရှိကြောင်းသိရသည်။
အောင်သူ(အုတ်ဖို)