ဆော သြဂုတ် ၁၂
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ယနေ့ နံနက် ၉ နာရီအချိန်က အသက် ခြောက်လမှ ငါးနှစ်အောက် ကလေးများအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် အသက် ခြောက်လမှ တစ်နှစ်အောက် ကလေးများအား ဗီတာမင်အေ(အပြာရောင်) ၊ တစ်နှစ်မှ ငါးနှစ်အောက် ကလေးများအား ဗီတာမင်အေ (အနီရောင်)၊ နှစ်နှစ်မှ ငါးနှစ်အောက်ကလေးများအား သံချဆေးတိုက်ကျွေးခြင်းတို့ကို သားဖွားဆရာမ ဒေါ်လှယဉ်မိုးကြည်နှင့် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြပြီး ကလေးများအား ကိုယ်အလေးချိန်ပေးခြင်း၊ မိုးရာသီကာလအတွင်း ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွားစေရေး မိဘအုပ်ထိန်းသူများက အလေးထားဂရုစိုက်ကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
ဇော်မျိုးသန့်(ဆော)