နတ်တလင်း သြဂုတ် ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုကိုကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများ Mask စနစ်တကျ တပ်ဆင် သွားလာစေရေး အသိပညာပေးခြင်း လုပ်ငန်းကို ယနေ့နံနက် (၉)နာရီအချိန်က လူစည်းကားရာ နေရာများဖြစ်သော ရန်ကုန်-ပြည်လမ်းရွှေလင်းခန်းမရှေ့နှင့် စျေးလမ်းလမ်းဆုံလမ်းခွများတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဆောင်ရွက်ရာတွင် နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ၊မြို့နယ် မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနတို့ ပူးပေါင်း၍မြို့အတွင်း သွားလာနေကြသည့် ပြည်သူများ၊ စျေးရောင်းစျေးဝယ်နေကြသည့် ပြည်သူများအား Mask နှာခေါင်းစည်းများ ဝေငှပေးခြင်းနှင့် စနစ်တကျတပ်ဆင်ကြရန် ကျန်းမာရေး အသိပညာပေးခြင်းတို့ကို ပြုလုပ်၍ အပြင်ထွက်သည့် အခါတိုင်းနှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လူစုလူဝေးနေရာများသို့ မလိုအပ်ဘဲ သွားလာခြင်း မပြုကြရန်၊ ကျန်းမာရေး ဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင်အညီနေထိုင်သွားကြရန်အသိပညာပေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။ နတ်တလင်းမြို့နယ်သည် stayathome မြို့နယ်တွင် ပါဝင်ပြီး စုစုပေါင်းပို့တွေ့လူနာပေါင်း( ၈၇၇)ဦး၊ ဆေးကုသမှုခံယူနေသူ(၃၄၇)ဦး၊ဆေးရုံဆင်း(၅၃၀)ဦး၊သေဆုံး(၁၆)ဦးရှိကြောင်း သိရ သည်။
ထားထားဦး