ဒီပဲယင်း ဩဂုတ် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ဒီပဲယင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း ရွှေဝါမြေခန်းမတွင် ယနေ့ နံနက် ၈ နာရီမှ နေလယ် ၁ နာရီအထိ ထိုးနှံပေးလျက်ရှိေကြာင်း သိရသည်။
ဒီပဲယင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည့်သူများမှ အသက်(၆၅)နှစ်အထက် မိဘပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသခြင်း လုပ်ငန်းများတွင် ရှေ့တန်းမှ တာဝန်ထမ်း ဆောင်နေကြသည့် ကာကွယ်ဆေးမထိုးရသေးသော ကျန်းမာရေးဝန်ထမ်းများနှင့် ပုဂ္ဂလိက ကျန်းမာရေး ဝန်ထမ်းများ ကာကွယ်ဆေး မထိုးရသေးသည့် စေတနာ့ဝန်ထမ်း(Volunteer)များ သာသနာ့ ဝန်ထမ်းများ၊ ဘုန်းတော်ကြီးနှင့် သီလရှင်များ၊ ကာကွယ်ဆေး မထိုးနှံရသေးသော နိုင်ငံ့ဝန်ထမ်းများဦ ရပ်ကွက်ကျေးရွာဒေသခံပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ (၃၂၃)လုံး စုစုပေါင်း လူဦးရေ (၆၄၆) ဦး ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။