မိုင်း‌ငေါ့မြို့ ကွန်‌ကောက်ကျေးရွာတွင် စီမံချက်ဝန်ထမ်းများဦးဆောင်သော မိခင်ခေါင်းဆောင် လစဉ်ပုံမှန် ဆွေးနွေးပွဲ ကျင်းပ

 

မိုင်းငေါ့     ဩဂုတ် ၁၂

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ကွန်ကောက်ကျေးရွာတွင်စီမံချက်ဝန်ထမ်းများ ဦးဆောင် သော မိခင်ခေါင်းဆောင် လစဉ်ပုံမှန်ဆွေးနွေးပွဲကို ယနေ့ နံနက်( ၁၀ ) နာရီအချိန်က မိုင်းငေါ့မြို့ ကွန်ကောက် ကျေးရွာ ရှမ်းစာသင်ကျောင်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ (SCI) မိတ်ဖက်အဖွဲ့အစည်း ( SSYCBC ) အဖွဲ့မှ နန်းလှကွယ်က အခြေခံအာဟာရ ချို့တဲ့ရခြင်း အကြောင်းအရင်းကိုသိရှိစေရန်၊ အာဟာရပြည့်ဝအောင် လုပ်ဆောင်ရမည့်အမူအကျင့်များ သိရှိလုပ်ဆောင် လာစေရန်နှင့် ကလေးလက်မောင်းလုံးပတ်တိုင်းတာခြင်းများကို မိခင်ခေါင်းဆောင် စေတနာ့ဝန်ထမ်းများနှင့် လူထုအာဟာရစေတနာ့ဝန်ထမ်းများအား ရှင်းလင်းဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများမှ သိရှိလိုသည်များ ကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲကို မိုင်းငေါ့မြို့ကွန်ကောက်၊ လွယ်ကြူ၊ မန်နောင်၊ မန်ခေါက်၊ မန်လွယ်၊ နမ့်ဆွန်၊ မန်ဟတ်၊ ရွာမ၊ ကွန်ကျင်ကျေးရွာများမှ မိခင်ခေါင်းဆောင် စေတနာ့ဝန်ထမ်း( ၆ )ဦး နှင့် လူထုအာဟာရ စေတနာ့ ဝန်ထမ်း(၆)ဦး စုစုပေါင်း (၁၂)ဦး တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကိုတစ်လလျှင် (၁)ကြိမ်ပြုလုပ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)