ဆိပ်ဖြူ သြဂုတ် ၁၂
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် CERP အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းရေး ယမန် နေ့လယ်၂နာရီကအောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စိုက်ကွင်းသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးချိုနိုင်ထွန်းနှင့် မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန တာဝန်ရှိသူများသည် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်တွင် စိုက်ပျိုးထား ရှိသည့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုး ပြီးစီးမှု အောင်မြင်ဖြစ်ထွန်းမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး မျိုးစေ့ထုတ်စိုက်ပျိုးကြသည့် တောင်သူများနှင့် တွေ့ဆုံ၍ မျိုးစေ့ထုတ်လုပ်ငန်းနှင့်ပတ်သက်သည်များကို ဆွေးနွေး လမ်းညွှန်မှာကြားသည်။
အောက်ဆိပ်မြစ်ရေတင်တွင် မိုးစပါးမျိုးစေ့ထုတ် ၈၂ဒသမ၅၀ဧကစိုက်ပျိုးရာ တောင်သူပေါင်း ၄၃ဦးက ဆင်းသုခ ၅၈ ဧကနှင့် ဧရာမင်း ၂၄ဒသမ၅၀ဧက မျိုးစေ့ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ ဆိပ်ဖြူမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်လုပ် ခြင်းကို အထွက်ကောင်း (မနောသုခ) (၇၀)ဧက၊ ဆင်းသုခ (၃၀၅)ဧကနှင့် အရည်အသွေးကောင်း (ဧရာမင်း) (၁၁၅) ဧက စုစုပေါင်း (၄၉၀)ဧကကို ကျေးရွာအုပ်စုပေါင်း(၂၀)၊ ကျေးရွာပေါင်း(၃၅)ရွာတွင် တောင်သူပေါင်း(၃၅၉)ဦးတို့ကမျိုးစေ့ထုတ် လုပ်သွားမည်ဖြစ်ပြီး နိုင်ငံတော်က မျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့ဖိုး၊ မျိုးစေ့ထုတ်လုပ်အားခ စရိတ်အ နေဖြင့် အထွက်ကောင်းမျိုးစပါး တစ်ဧကလျှင် ကျပ်(၁၄၈၅၀၀)နှင့် အရည်အသွေးကောင်းမျိုးစပါး တစ်ဧကလျှင် ကျပ် (၁၅၀၅၀၀) ငွေကြေးထောက်ပံ့မှုပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။
ကိုမျိုး(ယောဧရာ)