တနင်္သာရီမြို့နယ်အတွင်း ဆေးထိုးစုရပ်(၅)ခု၌ (တတိယ)နေ့အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

တနင်္သာရီ ဩဂုတ် ၃

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် အသက်(၆၅)နှစ်နှင့်အထက် အသက်ကြီး အဘိုးအဘွားများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ပရဟိတစေတနာ့တန်ထမ်းများ၊ သံဃာတော်နှင့် သာသနာ့အနွယ်ဝင်များနှင့် နိုင်ငံ့ဝန်ထမ်းများ စသဖြင့် ဦးစားပေးအစီအစဉ်အဖြင့် (တတိယ)နေ့အဖြစ် ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သက်ဆိုင်ရာ ဆေးထိုးစုရပ်နေရာများတွင် တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို (ပထမ)အကြိမ်အဖြစ် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရှိရသည်။

ယင်းသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုအရ မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်သိုက်ထွန်း လမ်းညွှန်မှုဖြင့် အမက-ချောင်းငယ်စုရပ်တွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်မာမာခိုင်နှင့် သိန်ခွန်းကျေးလက်ကျန်းမာရေးဌာန(ခွဲ)မှ သားဖွားဆရာမ ဒေါ်စုစုအောင်တို့က ဘိုးဘွား(၃၃)ဦး၊ ဝန်ထမ်း(၄၆)ဦးနှင့် စေတနာ့ဝန်ထမ်း(၂၁)ဦး ပေါင်း(၁၀၀)ဦးအား ထိုးနှံပေးခဲ့ကြ သည်။

အလားတူ မောတောင်တိုက်နယ်ဆေးရုံ တာဝန်ခံ ဆရာဝန် ဒေါက်တာသီဟအောင်မှ ကြီးကြပ်၍ ကျန်းမာရေးဆရာမ (၅)ဦးတို့က အထက(ခွဲ)မောတောင်ကျောင်းတွင် သံဃာတော်(၃)ပါး၊ ဘိုးဘွား(၃၆)ဦး၊ ဝန်ထမ်း(၁၈)ဦး၊ စေတနာ့ ဝန်ထမ်း(၄၁)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်သား (၉)ဦးနှင့် ကျန်းမာရေး(၁)ဦး၊ ဈေးသည်(၁၂)ဦး ပေါင်း(၁၂၀)ဦးအား ထိုးနှံပေးခဲ့ကြသည်။

အလားတူ တကူ(စံပြ)တိုက်နယ်ဆေးရုံမှ တာဝန်ခံဆရာဝန် ဒေါက်တာဖြိုးမြင့်ကြည်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဆရာမများက သံဃာတော်နှင့် သီလရှင်(၁၃)ပါး၊ ဘိုးဘွား(၉၈)ဦး၊ ဝန်ထမ်း (၇)ဦးနှင့်စေတနာ့ ဝန်ထမ်း(၃၂)ဦး ပေါင်း(၁၅၀)ဦးအား ထိုးနှံပေးကြသည်။

အလားတူ အရှေ့မော်တုန်းကျေးရွာအုပ်စု၊ ဇလုံး-အမကကျောင်း ဆေးထိုးစုရပ်တွင် ပြည်သူ့ ဆေးရုံမှ အထက်တန်း သူနာပြုဆရာမ ဒေါ်မာမာစုနှင့် ဆရာမများက သံဃာတော်(၂)ပါး၊ ဘိုးဘွား

(၈၇)ဦး၊ ဝန်ထမ်း(၁၈)ဦး၊ စေတနာ့ဝန်ထမ်း(၅၅)ဦး ပေါင်း(၁၆၂)ဦးအား ထိုးနှံပေးကြသည်။

အလားတူ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ အထက-ညောင်ပင်ကွင်းကျောင်း ဆေးထိုးစုရပ်တွင် ညောင်ပင်ကွင်း ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးမြတ်သီလမှ ကြီးကြပ်သော ကျန်းမာရေးဝန်ထမ်း(၅)ဦးက သံဃာတော်(၆)ပါး၊ ဘိုးဘွားများနှင့် ဒေသခံများ(၁၄၄)ဦး ပေါင်း(၁၅၀)ဦးတို့အား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြသည်။

သို့ပါ၍ သြဂုတ်လ(၂)ရက်နေ့တွင် ဆေးထိုးစုရပ်(၅)ခုမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးသူ ဦးရေ စုစုပေါင်း (၆၈၂)ဦးဖြစ်ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ သိရှိရသည်။

တနင်္သာရီမြို့နယ်အတွက် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(၁၄၃၅)လုံးရရှိ၍ ဆေးတစ်လုံးလျှင် လူ(၂)ဦး ထိုးနှံနိုင်သဖြင့် လူဦးရေ(၂၈၇၀)ဦးကို ဩဂုတ်လ ၈ ရက်နေ့အထိ ဆေး ထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း