ပခုက္ကူတက္ကသိုလ်ကျောင်းဝန်းအတွင်း ကျောင်းသား/သူဟောင်းများစုပေါင်း၍ သစ်ပင်ပေါင်း(၁၅၀)စိုက်ပျိုး

ပခုက္ကူ  ဩဂုတ် ၁၂

ပခုက္ကူကောလိပ်တွင် တက်ရောက်သင်ယူခဲ့ကြသော ၁၉၈၂မှ၁၉၈၈ ပညာသင်နှစ်အထိ ကျောင်းသား/ သူဟောင်း များ စုပေါင်း၍ ယမန်နေ့ ညနေ ၅နာရီခွဲအချိန်တွင် ပခုက္ကူတက္ကသိုလ်ကျောင်းဝန်းအတွင်း သစ်ပင် ပေါင်း (၁၅၀)ပင် စိုက်ပျိုး ကြသည်။

သစ်ပေါင်းစိုက်ပျိုးရာသို့ ပခုက္ကူတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ သက်လွင်၊ ရုက္ခဗေဒဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာ ဥမ္မာထွေးနှင့် ဆရာ/မများ၊ ပခုက္ကူဒေသကောလိပ်၊ ပခုက္ကူကောလိပ်၊ ပခုက္ကူဒီဂရီကောလိပ်၊ ပခုက္ကူ တက္ကသိုလ် ကျောင်းသား /သူဟောင်းများ၊ မျိုးဆက်သစ် ကျောင်းသား/သူများ စုပေါင်းပြီး ကုက္ကိုလ်၊ ကံ့ကော်၊ ပိတောက်နှင့် မဟော်ဂနီ စသည့်အပင်မျိုး(၄)မျိုး စုစုပေါင်းအပင်အရေအတွက်(၁၅၀)ပင် ကို စုပေါင်း စိုက်ပျိုး ကြသည်။

တက္ကသိုလ်ကျောင်းဝန်းအတွင်း စိမ်းလန်းစိုပြေရေး၊ သာယာလှပရေးနှင့် လေကောင်းလေသန့်ရရှိရေးတို့အတွက် ၁၉၈၂မှ ၁၉၈၈ ပညာသင်နှစ်အထိ ကျောင်းသား/သူဟောင်းများ၏၊ဦးဆောင်လှူဒါန်းမှုဖြင့်  ပါမောက္ခချုပ်၊ ပါမောက္ခ ဆရာ/မများ၊ မျိုးဆက်သစ်ကျောင်းသား/သူများက စုပေါင်းစိုက်ပျိုးကြခြင်းဖြစ်ကြောင်းသိရသည်။

ဆလိုင်းကိုကီး