လှိုင်းဘွဲ့ ဩဂုတ် ၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်၊ ရွှေဂွန်းကျေးရွာတွင် မိုးများအဆက်မပြတ်ရွာသွန်းလာမှုကြောင့် သံလွင်မြစ်ရေ စိုးရိမ်ရေအမှတ်(၉၈၀)စင်တီမီတာမှ (၁၀၂၀)စင်တီမီတာသို့ရောက်ရှိပြီး ရေကြီးရေလျှံမှုကြောင့် ရွှေဂွန်းကျေးရွာ မြေနိမ့်ပိုင်းရပ်ကွက်များရှိ လူနေအိမ်များသို့ရေများ ၀င်ရောက်လာမှုကြောင့် ရေကြီးနစ်မြုပ်နေသော အိမ်ထောင်စုများအတွက် ကရင်ပြည်နယ်၀န်ကြီးချုပ်က ထောက်ပံ့ပေးအပ်သောစားသောက်ကုန်များ ထောက်ပံ့ပေးခြင်းကို ယနေ့နေ့လယ်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးဦး၀င်းသန်းနှင့် တာ၀န်ရှိသူများက သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့သွားရောက်ထောက်ပံ့ပေးရာတွင် ရွှေဂွန်းကျေးရွာအထက် ဘုန်းတော်ကြီးကျောင်းရှိရေကြီးနစ်မြုပ် အိမ်ထောင်စုများ စားဝတ်နေရေး အခက်အခဲများ မရှိစေရန်အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်(၆)ပြည်၊ မားမားခေါက်ဆွဲခြောက်(၁၀)ထုပ်၊ ကြက်ဥ(၁၀)လုံး၊ စုစုပေါင်းအိမ်ထောင်စု(၂၄)စုလူဦးရေ (၉၄)ဦးအတွက် သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။